18 w - Translate

` အသည်းအတွက်သဘာဝအားဆေး´
🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴
နေ့စဉ်စားသောက်နေရတဲ့အစားအသောက်တွေမှာပါဝင်နေတဲ့အဆိပ်တွေကြောင့်ကျနော်တို့မြန်မာတွေအသည်းမကောင်းကြတော့ဘူး။ပတ်ဝန်းကျင်ကပိုးမွှားတွေကြောင့်လည်းအသည်းမှာပိုးတွေတွယ်နေကြပြီ။မကောင်းတဲ့အသည်းဆိုရင်ပိုးတွေဘီလျံချီပြီးအိမ်ဖွဲ့နေကြတယ်။သကြားဓာတ်တွေအစားများတဲ့အတွက်လည်းအသည်းမှာအဆီဖတ်တွေဖုံးနေပြန်ရော။အသည်းဆိုတာကသွေးခဲကြီးဗျ၊သိပ်နူးညံ့တာ။လက်နဲ့ချေရင်တောင်ကြေသွားနိုင်တယ်။ပျက်စီးဖို့သိပ်လွယ်တယ်။အထိခိုက်မခံဘူး။ငရုတ်သီးပွခြောက်ထဲကမှိုနဲ့တွေ့ရင်တောင်ပျက်စီးသွားနိုင်ပါတယ်။
အသည်းကသိပ်နူးညံ့ပေမဲ့အလုပ်တွေတော့အများကြီးလုပ်ရတယ်။နေ့စဉ်လုပ်ရတဲ့အသည်းလုပ်ငန်းပေါင်းတစ်ရာကျော်ကိုနေ့ရောညပါလုပ်နေရတယ်။အသည်းမကောင်းရင်တစ်ကိုယ်လုံးမကျန်းမာတော့ဘူး။လုံးပါးပါးပြီးအသက်တိုတော့တာပါပဲ။အသည်းနဲ့လူနဲ့ကတိုက်ရိုက်အချိုးကျတယ်။လူဝရင်အသည်းလည်းဝ(အဆီဖုံး)တယ်၊အသည်းမကောင်းရင်လူလည်းကျန်းမာရေးချို့တဲ့ပါတယ်။
လူဆိုတာဟာကိုယ်ခံစွမ်းအားကောင်းရင်ရောဂါမဖြစ်နိုင်ဘူး။ဒါကြောင့်အသည်းရောဂါတွေမဖြစ်ချင်ဘူးဆိုရင်အသည်းကိုလည်းအားရှိအောင်လုပ်ပေးရမှာပေါ့။အသည်းသာအားရှိနေပါစေ၊အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေမကပ်ရောက်နိုင်ဘူး။ဘီပိုး၊စီပိုး၊မှိုအဆိပ်၊အသည်းကပ်ပါးပိုး၊အသည်းဖျက်သံချိတ်ကောင်၊အယ်ဒီဟိုက်အဆိပ်၊အယ်ကိုဟော၊ဓာတ်မြေသြဇာနဲ့ဓာတုဆေးကြွင်းမျိုးစုံတွေရဲ့ဒဏ်ကိုကြံ့ကြံ့ခံနိုင်ရည်ရှိပြီးအသည်းခြောက်ခြင်း၊အသည်းကြွပ်ခြင်း၊အသည်းCellများပျက်စီးခြင်းကနေဆက်ဖြစ်လာတဲ့အသည်းကင်ဆာဖြစ်ခြင်းမှကာကွယ်ထားနိုင်တာပေါ့။
အသည်းအတွက်သဘာဝကြီးကပေးထားတဲ့အားဆေးကတော့ထန်းသီးဖြစ်ပါတယ်။ထန်းသီးထိပ်ဖက်ကိုဒါးနဲ့လှီးလိုက်ရင်အိမ်၃အိမ်တွေ့လိမ့်မယ်။အဲဒါကိုလက်ညှိုးနဲ့ဖောက်လိုက်ရင်အထဲကအရည်တွေပန်းထွက်လာရော။အရည်တွေကိုစုပ်ပြီးသောက်ပါ။အထဲမှာထန်းသီးရှိတယ်။အဲဒီထန်းသီးကိုစားပါ။ဂျယ်လီလေးတွေသိပ်စားကောင်းတယ်။ထန်းသီးထဲကအရည်နဲ့ဂျယ်လီဟာအသည်းအတွက်လိုအပ်တဲ့အင်ဇိုင်းတွေဖြစ်တယ်။အသည်းကလိုအပ်တဲ့အင်ဇိုင်းတွေပြည့်သွားတော့အင်မတန်အားကောင်းလာပြီးသူ့မှာရှိတဲ့ရောဂါတွေကိုသူကိုယ်တိုင်ဖယ်ရှားပစ်လိုက်တယ်။တကယ့်ကိုအံ့သြစရာကောင်းလောက်အောင်လျှင်မြန်စွာပြဲပန်ကောင်းအောင်လုပ်နိုင်ပါတယ်။သာဓဏလေး၂ခု၃ခုလောက်ထုတ်ပြပေးပါမယ်။
နယ်မြို့လေးတစ်မြို့ကစက်ရုံဝန်ထမ်းတစ်ယောက်သူ့စက်ရုံကchemicalအဆိပ်သင့်ပြီးအသည်းရောဂါဖြစ်လာတယ်။အလုပ်မလုပ်နိုင်တော့လို့ရန်ကုန်မှာဆေးရုံလာတက်ပြီးကုတယ်။တစ်လခွဲကြာတဲ့အထိမပျောက်တဲ့အပြင်တစ်ကိုယ်လုံးဝါထိန်လာတော့ဆက်ပြီးမကုတော့ဘဲသူ့နယ်မြို့လေးကိုပြန်သွားတယ်။နယ်ရောက်တော့သူ့သတင်းကိုကြားတဲ့သူငယ်ချင်းကလိုက်လာပြီးကိုယ်တွေ့အသည်းရောဂါပျောက်နည်းကိုပေးလိုက်တယ်။ထန်းသီးခွဲ၊အရည်စုပ်သောက်၊အသီးကိုဝအောင်စား၊ပြီးရင်အိပ်ချင်လာလိမ့်မယ်၊အိပ်လိုက်၊နိုးလာရင်ဆီးကြောတင်းလာလိမ့်မယ်၊ဆီးတွေအများကြီးသွားလိမ့်မယ်၊ပြီးရင်ဗိုက်တအားဆာလာမယ်၊အားရပါးရသာစားပစ်လိုက်၊အားရှိပြီးလုံးဝနေကောင်းသွားလိမ့်မယ်လို့သူငယ်ချင်းကကိုယ်တွေ့တွေပြောပြပြီးပြန်သွားပါတယ်။
ဒါနဲ့ပဲသူလည်းထန်းသီးတွေလိုက်ရှာပြီးနောက်တစ်ရက်မှာပဲသူငယ်ချင်းမှာသလိုလိုက်လုပ်ပါတယ်။သူ့ရဲ့သူငယ်ချင်းနဲ့ထပ်တူပဲတစ်ရက်ထဲနဲ့အသားဝါတာတွေမျက်လုံးဝါတာတွေအားလုံးယူပစ်သလိုကိုပျောက်သွားပါတယ်။အသည်းမှာရှိတဲ့ရောဂါတွေဟာဆီးလမ်းကြောင်းနဲ့ဝမ်းလမ်းကြောင်းကနေအကုန်ထွက်သွားပါတယ်။သူလည်းကျန်းမာရေးပြန်ကောင်းပြီးအရင်လိုပဲအလုပ်ဆင်းနိုင်ပါတယ်။သူအလုပ်ဆင်းတော့သူ့လိုပဲအခြားဝန်ထမ်းတစ်ယောက်လည်းအသည်းရောဂါဖြစ်လို့ဒီနည်းနဲ့ပဲပျောက်သွားကြောင်းကိုယ်တွေ့အတွေ့အကြုံကိုမျှဝေခဲ့ပါတယ်။ကျနော့်မှာLink ရှိပါတယ်၊လိုချင်ရင်ပို့ပေးပါမယ်။
နောက်တစ်ယောက်ကတော့မန္တလေးကအမျိုးသားတစ်ယောက်။သူကစီပိုးအကောင်ရေသန်းချီပြီးရှိနေပြီးအသည်းကင်ဆာဖြစ်နေပြီ၊မရတော့ဘူးဆိုတဲ့သူ။ဘာလုပ်ရမှန်းမသိတုန်းအခုလိုထန်းသီးနည်းကိုရသွားပြီးမန္တလေးပတ်ဝန်းကျင်ကရွာတွေမှာထန်းသီးလှည့်ပတ်စားနေတာ၂လအကြာမှာစီပိုးတွေမရှိတော့ဘူး၊အခုဆိုရင်ကျန်းမာတာမဝဖြိုးနေတာပဲတဲ့။အဲဒါလည်းကျနော့်မှာLinkရှိတယ်။
ဟိုတစ်လောကအိမ်လာတဲ့အင်ဂျင်နီယာလေးတစ်ယောက်၊နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ဆေးကျလို့မသွားရဘူး။ဘီပိုးရှိလို့တဲ့၊၃ခါဖြေတာ၃ခါလုံးကျတယ်။ဘာလုပ်ရမလဲတဲ့၊ထန်းသီးသာရှာစားကွာလို့။အခုတော့ဆေးအောင်လို့နိုင်ငံခြားရောက်သွားပါပြီ။ဝမ်းသာပါတယ်လို့။
အစာလည်းဆေး-ဆေးလည်းအစာဆိုတဲ့အတိုင်းသဘာဝကြီးကပေးထားတဲ့ဆေးတွေရှိပါတယ်။အများဆုံးကအပင်တွေမှာရှိနေပါတယ်။ထန်းပင်သည်လည်းဆေးဖက်ဝင်အပင်ပါပဲ။ထန်းသီးကရတဲ့အရည်ဆေးဖက်ဝင်သလိုထန်းအညှာကထွက်တဲ့ထန်းရည်ကလည်းဆေးပါပဲ။ထန်းလျက်ကလည်းဆေးပါပဲ။ဒါကြောင့်ထန်းပင်တွေခုတ်နေတာကိုတားဆီးဖို့လိုတယ်။ထန်းပင်ကိုတန်ဖိုးထားရမယ်။
နယ်မှာထန်းသီးပေါပေမဲ့ရန်ကုန်မှာကနဲနဲရှားတယ်။သို့သော်ရှာရင်ရပါတယ်။ကျနော်ကတော့မင်္ဂလာဒုံလေယာဉ်ကွင်းဘက်မကြာခဏရောက်လေ့ရှိတော့လေဆိပ်ရိပ်သာလမ်းမှာသွားဝယ်စားတယ်။အုန်းစိမ်း၊ထန်းသီးအသည်တွေတန်းစီနေတာပဲ။စိတ်ကြိုက်စားပဲ။ရန်ကုန်ကမိတ်ဆွေများကိုယ်ပိုင်ကားနဲ့တောင်သွားစရာမလိုပါဘူး။အားလပ်ရက်မှာAirport Bus အသွားအပြန်အပျော်စီးပြီးသွားစားလို့ရတာပဲ။၅၀၀ထဲနဲ့Aircon Bus ကိုချောင်ချောင်စီးပြီးမိသားစုpicnic ထွက်လို့တောင်ရပါတယ်။
ကျနော်တို့မြန်မာတွေရှေးရှေးကတည်းကထန်းသီးစားခဲ့ကြပါတယ်။အသည်းရောဂါတွေဖြစ်တယ်ဆိုတာကြားရခဲပါတယ်။အရက်သမားတွေအသည်းကြွမ်းပြီးသေတာလောက်ပဲကြားဖူးပါတယ်။ဒါကြောင့့်မည်သူမဆိုအသည်းအားရှိအောင်ထန်းသီးစားပေးကြပါလို့အလင်းပြပေးပါတယ်ချစ်သူများ......Functional Nutrition ပါ။

image