မာနဆိုတာ ကိုးကွယ်ဖို့တော့ မဟုတ်ဖူးနော် ။ ကိုယ့်တန်ဖိုး ကို ကာကွယ်ပေးမယ့် ခြံစည်းရိုးလေးပါ ။
သည်းခံခြင်းဆိုတာလည်း အညံ့ခံခိုင်းတာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ သည်းခံမှုကြောင့် ပြောင်းလဲလာနိုင်သူနဲ့ ကိုယ့်ဒေါသကို အောင်နိုင် ဖို့ အတိုင်းအတာတစ်ခုထိ သည်းခံခိုင်းတာပါ ။
အလျော့ပေးတယ်ဆိုတာလည်း ဒူးထောက်ခိုင်းတာ မဟုတ်ပါဘူး ။ ကိုယ့်ရဲ့ အလျော့ပေးမှုက လူတစ်ယောက်ရဲ့ ဘဝကို ကယ်တင်ရာရောက်သလို ကိုယ့်ဘဝ မြင့်မားလာအောင်လည်း အတိုင်းအတာတစ်ခုထိ အလျော့ပေးခိုင်းတာပါ ။
ခွင့်လွှတ်ခြင်းဆိုတာလည်း ခွင့်လွှတ်ဖို့ ထိုက်တဲ့သူကို ခွင့်လွှတ်ပေးလိုက်တာက သူရော ကိုယ်ပါ ငြိမ်းချမ်းပေမယ့် ခွင့်လွှတ်ဖို့ မထိုက်တန်တော့ရင် အပြီးတိုင် စွန့်လွှတ်နိုင်မှ ကိုယ့်နာကြည်းမှုတွေကို ကာကွယ်ရာ ရောက်ပါတယ်
ဥပေက္ခာပြုတယ်ဆိုတာကတော့ များသောအားဖြင့် မလွယ်ကူတတ်ပါဘူး ။ အရမ်းနာကျင်သွားရင်တော့ ဥပေက္ခာပြုနိုင်သွားတတ်တယ် ။ အနှောင်အဖွဲ့ကင်းစွာနဲ့ ဥပေက္ခာပြုဖို့ကတော့ ပိုခက်ခဲပါတယ် ။
အကယ်၍ စစ်မှန်တဲ့ ဥပေက္ခာကို ပြုနိုင်သွားပြီဆိုရင်လည်း ကိုယ်ကိုယ်တိုင် အေးချမ်းလာတာ အမှန်ပါပဲ ။ ကျွန်မတို့လည်း အရမ်းနာကျင်လာခဲ့ရင် စစ်မှန်တဲ့ ဥပေက္ခာကို ပြုနိုင်အောင် ကျင့်ကြရမယ်နော် ။
#အခရာ #ကျွန်မချစ်သောကျွန်မသို့
