ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နာမည်ကြီးနေခဲ့တဲ့ Kosmos 482 ဂြိုလ်တုရဲ့ ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်တဲ့ ဖြစ်စဉ်ဟာ အထိအခိုက်မရှိပဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီလို့ ယူဆရပါတယ်။
ဥရောပ အာကာသ အေဂျင်စီ (ESA ) က ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်၊ ဥရောပ ဗဟိုစံတော်ချိန် (CEST) နံနက် ၉ နာရီ ၅၆ မိနစ်/မြန်မာစံတော်ချိန် ၃:၂၂ မိနစ် မှာ ထုတ်ပြန်တဲ့ အခြေအနေအရ၊ Kosmos 482 ရဲ့ ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက် ပြီးသွားနိုင်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
Kosmos 482 လို့နာမည်ပေးထားပြီး venus ဂြိုလ်ကိုသွားရောက်မယ့် ဆိုဗီယက်ခေတ်ကဂြိုလ်တုဟာ လွှတ်တင်ခဲ့ချိန် ၁၉၇၂ ခုနှစ် ကတည်းက ကမ္ဘာ့လေထုက နေထွက်ပြီး သိပ်မကြာခင်မှာပဲ စက်ချို့ယွင်းသွားတာမို့ ကမ္ဘာပတ်လမ်းထဲက မထွက်နိုင်ခဲ့ပဲ နှစ်ပေါင်း ၅၀ကျော် ရှိနေခဲ့ပါတယ်။
အဆိုပါဂြိုလ်တုပြန်လည်ဝင်ရောက်လာမယ့် ဖြစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဥရောပ အာကာသ အေဂျင်စီ (ESA )က ရေဒါထောက်လှန်းရေး ကိရိယာများ အသုံးပြုပြီး စောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ် ။
ဒီလို စောင့်ကြည့်နေရာက မူလကပြန်လည်ကျရောက်မယ်လို့ တွက်ထားကြတဲ့ ဂျာမနီနိုင်ငံပေါ်က ရေဒါစနစ်တွေဟာ ခန့်မှန်းထားတဲ့ UTC နံနက် ၇ နာရီ ၃၂ မိနစ် (CEST နံနက် ၉ နာရီ ၃၂ မိနစ်) အချိန်မှာ တွေ့ရှိခဲ့ခြင်း မရှိတာကြောင့် ပြန်လည်ဝင်ရောက်မှုဟာ အဲဒီအချိန်မတိုင်ခင်မှာ ဖြစ်ပွားခဲ့ဟန်ရှိပါတယ်။
လက်ရှိအချိန်ဟာ COIW လို့ ခေါ်တဲ့အချိန်ကို ကျော်လွန်ပြီးသွားပါပြီ။ သက်ရောက်မှု ဗဟိုချိန် (Centre of Impact Window - COIW) ဆိုတာဟာ အာကာသယာဉ်ရဲ့ အစိတ်အပိုင်းတွေ မြေပြင်ကို ကျရောက်နိုင်ခြေ အများဆုံးရှိတဲ့ ခန့်မှန်းဧရိယာနဲ့ အချိန်နေရာ ကို ဆိုလိုတာဖြစ်ပါတယ်။ဒီအချ်ိန်လွန်သွားပြီမို့ ကမ္ဘာ့မြေပြင်တနေရာကို Kosmos 482 ကရောက်ရှိပြီးသွားပါပြီ။လောလောဆယ်တော့ ဘယ်နေရာကျသွားတာလည်းဆိုတာအတိအကျမသိရသေးပါဘူး။
ESA ရဲ့ ရေဒါစနစ်တွေက ခန့်မှန်းထားတဲ့ နောက်ဆုံး ဖြတ်သန်းချိန်မှာ Kosmos 482 ကို မတွေ့ရှိတော့ဘူးဆိုတာဟာ ဒီ့မတိုင်ခင်ကတည်းက အာကာသယာဉ်ဟာ ကမ္ဘာ့လေထုထဲကို ဝင်ရောက်ပြီး ပျက်စီးလောင်ကျွမ်းသွားပြီလို့ ယူဆနိုင်ပါတယ်။ ဆိုဗီယက် ဂြိုလ်တုရဲ့ အစိတ်အပိုင်းအများစုဟာ လေထုထဲမှာ လောင်ကျွမ်းပျက်စီးသွားခဲ့ဖွယ်ရှိပြီး၊ အကယ်၍ အစိတ်အပိုင်းအချို့ မြေပြင်ကို ကျရောက်ခဲ့မယ်ဆိုရင်လည်း မူလပထမ ကမှန်းထားခဲ့တဲ့ အတိုင်း လူသူအရောက်အပေါက်နည်းတဲ့ ဒေသတွေမှာရောက်သွားဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။
India ocean ထဲက ကျွန်းတစ်ကျွန်းပေါ်ကျသွားတယ်လို့ Ruscosmos အဖွဲ့ကတော့ကြေညာထားပါတယ်။ပျက်စီးတဲ့ အပျက်အစီးအပိုင်းအစတွေကတော့ရှာဖွေနေဆဲပါ။
Kosmos 482 ရဲ့ အပိုင်းအစတွေ ကမ္ဘာပေါ်ကို ပြန်လည်ကျရောက်လာတာလည်း အခုမှ မဟုတ်ပါဘူး။ သူ့ကို လွှတ်တင်ပြီး နှစ်ရက်အကြာမှာ နယူးဇီလန်နိုင်ငံ ရဲ့ မြို့ပြင်တစ်နေရာ ကလယ်ကွက်တစ်ခုထဲကို Kosmos 482 ရဲ့ အပိုင်းအစတစ်ချို့ဟာ ပြန်လည်ကျရောက်ခဲ့ဖူးပါသေးတယ်။


