18 ပတ် - ဘာသာပြန်ပါ။

ဒီ 3D အန်နီမေးရှင်း ဇာတ်ကားလေးဟာ တကယ့်ဒိတ်ဒိတ်ကျဲ
ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့
နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ ပြောင်မြောက်လှတဲ့
လက်ရာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။
Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး
PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ
ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။
IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း
rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့
ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်း အညွှန်းပြောရရင် ရဲရင့်တက်ကြွဖျတ်လတ်ပြီး
စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ
မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့
ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သင်္ဘောပုံစံတူငယ်ကို
အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ
တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။
ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံနောက်တွန့်သွားခြင်းမရှိပဲ
ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှိဝှက်ချက်အဖြေများကို ရှာဖွေရင်း
ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို
ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို တိုက်တွန်းချင်ပါတယ်။
ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့်
ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို
မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ
ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း
အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့
ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ်
 
Adventure Of Tin Tin (2011)

ဇာတ်ကားလင့်
https://t.me/c/2186686827/320

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image