7 ပတ် - ဘာသာပြန်ပါ။

မမိတ်ဆက်ရသေးပေမယ့် ထုံးစံအတိုင်း အကုန်သိရပြီ 🫠
.
Samsung ကနေ အပါးဆုံးဖုန်းဖြစ်လာမယ့် Galaxy S25 Edge ကို မေလ (၁၃) ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာပါ။ အခုလည်း ထုံးစံအတိုင်းပဲ မမိတ်ဆက်ခင်မှာ Galaxy S25 Edge ဖုန်းရဲ့ အဓိက Feature တွေ၊ Specs တွေက ပေါက်ကြားလာခဲ့ပါပြီ။
ဒီ Specs တွေမှာ သတင်းထွက်ထားသလို 200MP Main Camera | 12MP Ultrawide နဲ့ 12MP Selfie Camera တွေပါမယ်။ Snapdragon 8 Elite Chipset ပဲ ဆက်သုံးထားမယ်။ IP68 Dust & Water Resistant Rating လည်း ပါဦးမယ်။
ထူးခြားတာက Galaxy S25 Edge ဖုန်းက Titanium Body Chassis ကို သုံးထားတာပဲ။ ဒီလောက်ပါးပြီး အကြမ်းခံ၊ မကွေးအောင် အခုလို Titanium ကို သုံးတာလားတော့မသိပေမယ့် S25 Ultra ပြီးရင် ဒီ S25 Edge က ဒုတိယမြောက် Titanium ကိုယ်ထည်နဲ့ဖုန်းဖြစ်လာတာပါ။
Battery ကိုလည်း All-day Battery Fit for Slim ဆိုပြီး တနေကုန်အသုံးခံမယ်လို့ ဆိုထားတယ်။ Battery Capacity အနေနဲ့ သတင်းထွက်ထားသလောက် 3900mAh Battery ကို ထည့်ပေးထားမှာပါ။
ဘာပဲဖြစ်ဖြစ် Galaxy S25 Edge နဲ့ ပတ်သက်ပြီး သိရဖို့က စျေးနှုန်းပဲ ရှိတော့မယ် 👀

image