7 ပတ် - ဘာသာပြန်ပါ။

"၂၀၂၅အ‌ေထွ‌ေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါ၀င်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌတိုက်တွန်း"


၂၀၂၅အ‌ေထွ‌ေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါ၀င်ကြရန် တိုက်တွန်းကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ယနေ့ မေ ၁၁ရက်တွင် ရန်ကုန်မြို ဆီဒိုနားဟိုတယ်၌ ကျင်းပသည့် ပြည်သူ့ရှေ့ဆောင်ပါတီ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကို ရှေ့ရှုပြီး စည်းလုံးညီညွှတ်သည့် မြန်မာ့လူအသိုက်အ၀န်း တည်ဆောင်ရန် ပြည်သူတစ်ရပ်လုံးနှင့် လက်နက်ကိုင်အဖွဲအစည်းအားလုံးကို အထူးတိုက်တွန်းလိုကြောင်း၊ ယခုအချိန်သည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း အချိုမှ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားချက်ကို ထုတ်ပြန်လာသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စကိုလည်း ကြိုဆိုကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။

“ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို နိုင်ငံရေးပါတီများ၊ လက်နက်အဖွဲအစည်း အသီးသီးအပါအ၀င် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါ၀င်နိုင်ရေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုလိုလား တောင်းတနေတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်ဖို အောင်မြင်စွာ ကျင်းပနိုင်ဖို အင်မတန်မှ အရေးကြီးလှပါတယ်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှသာလျှင် ပြည်သူလူထုကြား နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ အတိုင်းအတာတစ်ခုထိ ပြေလည်သွားစေနိုင်မှာ ဖြစ်ပြီးတော့မှ နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့လည်း မဲပေးခွင့်နဲ့ ရွေးကောက်ခံနိုင်ခွင့်ဆိုတဲ့ နိုင်ငံသား အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။”ဟု ပြည်သူ့‌ေရှ့‌ေဆာင်ပါတီ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

ရွေးကောက်ပွဲအပြီးတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူကိုယ်စားလှယ်များနှင့် ဖွဲစည်းထားသည့် လွှတ်တော်အသီးသီး ပေါ်ပေါက်လာမှသာ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာနှင့် တရားစီရင်ရေး အာဏာ၊ ထိုအာဏာကြီးသုံးရပ် ခွဲဝေကျင့်သုံး လာနိုင်ခြင်းနှင့်အတူ ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည့် အပြန်အလှန်ထိန်းကျောင်းခြင်း ယန္တရားလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ ထိုပြင် နိုင်ငံတကာ ဆက်ဆံရေးလည်း ပိုမိုကောင်းမွန်လာစေခြင်းနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများ စီး၀င်လာနိုင်ခြင်းဆိုသည့် အကျိုးကျေးဇူးများလည်း ရရှိမည် ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးတွင် နိုင်ငံတကာနှင့် ပူးပေါင်းပါ၀င်‌ေရးသည် တော်တော်လေး အရေးကြီးကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။

စီးပွားရေးဖွံဖြိုးတိုတက်ရန်အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ စီး၀င်လာရန် အရေးကြီးကြောင်း၊ ထိုကြောင့် လာမည့် ၂၀၂၅ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါ၀င်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီပါတီ အနေနှင့် အလေးနက်ထား တိုက်တွန်းလိုကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်းများ အတွက်ကို ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ စောလျှင်စွာ ထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့းသည်။

image