7 w - Translate

ကမ္ဘာတစ်ဝှမ်းက ကားဝါသနာရှင်များဟာ Honda Civic ဆိုရင် ဘယ်မျိုးဆက်လာလာ ခုံမင်နှစ်သက်တတ်ကြပါတယ်။ VTEC DOHC inline-4 အင်ဂျင်၊ မော်ဒယ်ဟောင်းပေမယ့် တော်ရုံကျမသွားတဲ့ build quality နှင့် စွမ်းဆောင်ရည်၊ လူငယ်ဝါသနာရှင်အများစုတတ်နိုင်တဲ့ ဈေးနှုန်း၊ စတဲ့ အချက်များကြောင့် Civic ကို ဂျပန်နိုင်ငံတင်မှာမက ဥရောပနှင့် အမေရိကားတို့မှာပါ ဈေးကွက်တစ်ခုယူထားနိုင်တယ်ဗျ။ Honda Civic ကို ၁၉၇၂ ခုနှစ်ကနေ စတင်ထုတ်လုပ်လာခဲ့ပြီး မျိုးဆက် ၁၁ ဆက်မြောက်၊ ယနေ့ချိန်အထိ ရောင်းအားကောင်းနေဆဲပါ။ များပြားလှတဲ့ engine options တွေ၊ bodystyle တွေကြား အပြိုင်အဆိုင်ထွက်ပေါ်လာတဲ့ Civic only racing team တွေကြောင့်လည်း underground culture မှာ နာမည်ကြီးလှပါတယ်။ ဆိုတော့ Civic မျိုးဆက်မှာ “Type R ဟေ့” လို့ပြောလိုက်ရင် ရွှေခေတ်ကာလက EK9 ကို ပြေးမြင်တတ်ကြသလို၊ ယနေ့ခေတ်မှာ တအားကို hot နေတဲ့ 2017 - 2019 FK8 ကိုဘဲ အကောင်းဆုံးလို့ အထင်မှားတတ်ကြပါတယ်။ တကယ်တမ်းတော့ 2007 FD2 Mugen RR ကသာ Civic မျိုးဆက်တစ်ခုလုံးရဲ့ အကောင်းဆုံးမော်ဒယ်တစ်ခုပါ။ ဘာကြောင့်အခုလို သတ်မှတ်နိုင်တာလဲ၊ 15 hp ဘဲ ပိုတက်လာတဲ့ Mugen RR က ဘာကြောင့်အကောင်းဆုံး Civic ဖြစ်ရသလဲ၊ ဒီအကြောင်းတွေကို စာဖတ်သူအားလုံးအတွက် သေချာလေးရှင်းပြသွားပေးပါ့မယ်။ ဒါနှင့် affordable hot hatch တွေထဲမှာ Civic Type R၊ Hyundai i20N နှင့် Golf Mk7 GTI တို့ကို မဖြစ်မနေဝယ်ယူရမယ်ဆိုရင် ဘယ်မော်ဒယ်ကို ရွေးချယ်ဖြစ်မလဲဗျ၊

image