8 w - Translate

" R33 ကို မောင်းကြည့်ပြီးမှ JDM ကားတွေကို စ ရူးသွပ်ခဲ့တာပါ "
ဒီစကားကို ကျွန်တော်ကိုယ်တိုင်ရော၊ စာဖတ်သူတို့ရော သိပ်ချစ်တဲ့ မျက်လုံးပြာလေးနဲ့ ဟောလိဝုဒ်မင်းသား Paul Walker_ပေါလ်ဝေါ့ခ်ကာမှ Max It Out DVD Interview တစ်ခုမှာ ဖြေကြားခဲ့တာပါ။ ကျွန်တော့် အမေပေါ့ဗျာ၊ ဘယ်ဆိုင်ကမှန်းမသိတဲ့ အခွေကို အောက်စက်ထဲ ထိုးကြည့်ပြီး ညီလေးရယ်၊ အမေရယ်၊ ကျွန်တော်ရယ် Fast & Furious ကို စကြည့်ဖြစ်ခဲ့တယ်။ ခုနှစ်တော့ ဘယ်မှတ်မိပါ့မလဲ။ အမေကတော့ မျက်လုံးပြာလေးနှင့် ပေါလ်ကို " ဘရိုင်ယန် ဘရိုင်ယန် " ဆိုပြီး သည်းသည်းလှုပ်ပေါ့။ အငယ်ကောင်ကတော့ ရုပ်ရှင်ကြည့်ရင် အိပ်တဲ့ ကောင်ဗျ။ ဆိုတော့ကာ ဒီလို ကားမောင်းတာတွေ၊ underground racing လောကမှ အရှုပ်အရှင်းတွေကို ဇာတ်အိမ်ကောင်းကောင်းနှင့်ရိုက်ပြတဲ့ ပထမကားမှာဘဲ ရင်ထဲနစ်ဝင်မိသွားတယ်။ (ယခုနောက်ပိုင်းကားတွေ ဇာတ်အိမ်မကောင်းပါ) ဘာကြောင့်လဲဆိုရင် ကျွန်တော့်အမေနှင့် ကြည့်ခဲ့ရတာက မြန်မာပေါကားနှင့် ဘောလိဝုဒ်ကားမှမဟုတ်ရင် တောထဲ စက်သေနတ်ကြီးကိုင်ပြီး ဝူးဝူးဝါးဝါးလုပ်တဲ့ Rambo လို ဇာတ်ကားမျိုးတွေကိုး။ အခုလိုမျိုး Automotive နှင့် အက်စပ်တဲ့ ဇာတ်ကားမျိုး တစ်ခါမှမကြည့်ခဲ့ဖူးသလို 2 Fast 2 Furious ကိုပါ ဆက်ကြည့်တော့ ပထမဆုံး Racing Scene မှာတင် ရင်ထဲပွဲသိမ်းသွားပါတယ်။
အောက်မီး အပြာရောင်၊ ပိုက်တပ်ထားတဲ့ Nos ဗူးကြီးအပြင် iconic ဖြစ်လှတဲ့ အပြာလိုင်းစင်းဖောက် မီးခိုးရောင် Nissan R34 Skyline GT-R။ ဒီကားကို ဘယ်အသက်အရွယ်ရောက်ရောက် အမှတ်ရနေမှာပါ။ ဒါတွေကို ပြောပြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး၊ စာဖတ်သူမှာလည်း ကျွန်တော့်အဖြစ်လို ဒီရုပ်ရှင်နှင့် စပြီး R34 ကိုရော ပေါလ်ကိုရော ရင်းနှီးခဲ့သူများ ရှိလိမ့်မယ်ထင်လို့ပါခင်ဗျ။
အိုကေး! အင်တာဗျူးအပြည့်အစုံကို ပြောပြမယ်။ မေးခွန်းကတော့ off-camera မေးတာမျိုးထင်ပါရဲ့။ ဗီဒီယို စ တာနှင့် Paul က ဖြေတော့တာဗျိုု့...
" Hey! What's up! ကျွန်တော် Fast & Furious ရုပ်ရှင်အတွက် Paul Walker ပါဗျ။ (ရုပ်ရှင်မထွက်သေးလို့ cast ထားကြောင့် ပြောတာပါ) အမ်း၊ ကျွန်တော်လည်း မပြောတတ်ဘူးဗျ၊ အခု ဒီအင်တာဗျူးကို ရောက်နေတာ ကျွန်တော့်ကားကို ထုတ်ကြွားဖို့ဘဲ ထင်ပါတယ်။ F&F ရုပ်ရှင်ရိုက်ကူးရေးလည်း ပြီးရော ကျွန်တော် Import Car (ကျွန်တော်တို့နှင့် အခြားနိုင်ငံလူတွေကတော့ JDM လို့ ခေါ်တတ်ကြပါတယ်) တွေကို အတော်လေးစိတ်ဝင်စားမိလာတယ်ဗျ။ Racing ပိုင်းကို အရင်တည်းက ရူးသွပ်ခဲ့ပေမယ့် R33 ကို မမောင်းကြည့်ခင်ထိ Import Car Scene က ကျွန်တော့်အာရုံထဲ ရောက်မနေခဲ့ပါဘူး။ မောင်းလည်းမောင်းပြီးရော ကျွန်တော့်အတွက် Nissan Skyline R34 GT-R တစ်စီးသွင်းဖို့ Motor X အပူကပ်ရတာပေါ့။ အမ်၊ ပြီးတော့ R34 က အတော်မြန်တယ်ဗျ။ "(ပေါလ်က သဘောကျသည့်ဟန်ဖြင့် ရယ်လိုက်သည်)
" ပြီးတော့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲဝန်းကျင်ကပေါ့နော်၊ F&F မရိုက်သေးခင် ကျွန်တော်တို့မှာ ဇာတ်ညွှန်းအတိအကျမရှိသေးပါဘူး။ ကျွန်တော်တို့ ပရိုဂျူဆာတွေ ပြောခဲ့တာကတော့ Modern ခေတ် underground racing အကြောင်းနှင့် ဒုစရိုက်လောကကို ဖော်ထုတ်ဖို့ အရပ်ဝတ်စုံထောက်အဖြစ် သရုပ်ဆောင်ရမယ်ပေါ့ဗျာ။ ကျွန်တော့်ကိုယ်စားလှယ် (talent manager ကို ပြောတာပါ) တွေရဲ့ အကြံကို လွန်ဆန်ပြီး အိုကေလေ၊ လုပ်မယ်ဆိုပြီး ရုပ်ရှင်ကို လက်ခံခဲ့ပါတယ်။ "
" ပြီးတော့ ဒီ Import Car scene က မှေးမှိန်သွားဖို့နေနေသာသာ အတော်လေးကို ကြီးထွားလာတာဗျ။ F&F ရုပ်ရှင်အတွက် Movie Promotions တွေ လုပ်ဖို့ အမေရိကန်ပြည်ထောင်စုကို လိုက်ပတ်ရတာပေါ့။ ဟိုကိစ္စ၊ ဒီကိစ္စပေါ့ဗျာ။ Import Car Scene က မြောက်အမေရိကားမှာ အရမ်းပေါက်ရောက်နေပြီလို့ ပြောပေမယ့် အခုလောက်ထိ ခရီးရောက်နေမှန်း ကျွန်တော်သတိမထားမိခဲ့ပါဘူး။ "
" ရှုတင်မှာပေါ့၊ F&F ထဲက Leon (Johnny Strong) ဇာတ်ကောင်မောင်းတဲ့ Nissan Skyline R33 GT-R ကို အတူမောင်းကြည့်ပြီးတဲ့နောက်မှာ ကျွန်တော့်လက်ရှိ Porsche ကို ချက်ချင်းဘဲ ရောင်းဖို့ စီစဉ်လိုက်ပြီး ကျွန်တော့်အတွက် Nissan Skyline တစ်စီး သွင်းပေးဖို့ Motor X ကို ဆက်သွယ်ခဲ့ပါတယ်။ အမှန်တိုင်းပြောရရင် ကိုယ်တိုင်လည်း ကျွန်တော့် R34 အတွက် ဘီးအသစ်လေး၊ တာယာအသစ်လေးဘာလေးအပြင် modification နည်းနည်းပါးပါးလုပ်ဖို့ Motor X နှင့် corporate sponsorship ရရှိဖို့ ကြိုးစားနေပါတယ်။ "
" အခုတော့ (ရုပ်ရှင်ထွက်ပြီး) F&F ရုပ်ရှင်က သိပ်ကို အောင်မြင်သွားပြီး ဒါကို သံသယဖြစ်စရာကို မရှိပါဘူး။ Universal Pictures Studio က နောက်တစ်ကားရိုက်ဖို့ စီစဉ်နေပြီး အဲ့အတွက်လည်း ကျွန်တော်ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်ဗျ။ "
ဒီအင်တာဗျူးဖြေတဲ့အချိန်မှာ ပေါလ်မှာ သူ့အတွက် R34 အမည်လေး တစ်စီး ပိုင်ဆိုင်ထားပြီးပါပြီ။

image