“John Wick 5” ရဲ့ ဇာတ်လမ်းဟာ ပရိသတ်တွေ မျှော်လင့်ထားသလို မဟုတ်ပါဘူး
မကြာသေးခင်က Empire နဲ့ ဆွေးနွေးမှုမှာ ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Chad Stahelski က ပထမဇာတ်ကား ၄ ကားမှာ ပါဝင်ခဲ့တဲ့ High Table ဇာတ်လမ်းဟာ အဆုံးသတ်သွားပြီးဖြစ်လို့ လာမယ့် “John 5 Wick” ဇာတ်ကားက “အရမ်းကွဲပြားမယ်” လို့ ပြောလာပါတယ်။
“John Wick ရဲ့ ဇာတ်လမ်းဟာ တော်တော်လေး ပြီးပြည့်စုံသွားပြီ” လို့ Stahelski က ပြောပါတယ်။ “ဒါကြောင့် John Wick 5 လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက John Wick အတွက် ဇာတ်လမ်းသစ်တစ်ခု ဖြစ်ရမယ်လို့ ပြောလာပါတယ်။
ဒီဇာတ်လမ်းက အရမ်းကိုကွဲပြားမှာပါ။ လူတိုင်း Trailer Video ကြည့်ပြီးတာနဲ့ လုံးဝ “ဟင်ခနဲ.. ဟာခနဲနဲ့” ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်းလို့ပြောနေကြလိမ့်မယ်လို့ ဒါရိုက်တာက ဆိုပါတယ်။
ပရိသတ်တွေအတွက် ကံကောင်းတာက John Wick 5” မထွက်မခင် ကြားထဲမှာ John Wick အကြောင်းဇာတ်ကားတွေ အများကြီးကြည့်ရဦးမှာပါ။ Ana de Armas ပါဝင်တဲ့ “Ballerina”၊ “Under The High Table” တီဗီရှိုးနဲ့ Wick ရဲ့ အရင်အတိတ်က အကြောင်းကိုရိုက်ပြမယ့် Animated Series တွေလာဖို့ရှိပြီး ဒီ ဇာတ်လမ်းတွေအကုန်လုံးက John Wick 5 နဲ့ သွားချိတ်မှာဖြစ်ပါတယ်။
John Wick 5 နဲ့ပတ်သက်ပြီး လက်ရှိမှာတော့ အသေးစိတ်မသိရသေးပါဘူး။

image