7 ပတ် - ဘာသာပြန်ပါ။

Sony WH-1000XM5 ကို စျေးလျော့တုန်း မဝယ်မိတာမှန်သွားပြီ 🫠
.
Active Noise Cancelling - ANC ပါတဲ့ Headphone တွေထဲမှာ Sony ရဲ့ WH Series.. အထူးသဖြင့် နောက်ဆုံးထွက်ထားတဲ့ WH-1000XM4 | WH-1000XM5 Headphone တွေက အကောင်းဆုံးလို့ ပြောလို့ရတယ်။ အခုဆိုရင် Sony ကနေ Next Generation - WH-1000XM6 Headphone ကို လာမယ့် မေလ (၁၅) ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်ပါပြီ။
ဆိုတော့ ANC Headphone ကောင်းကောင်းလိုချင်ရင် Sony WH-1000XM6 က ကျိန်းသေ စောင့်ကြည့်ရမယ့် Headphone ဖြစ်လာပြီ။ အများကြီးလည်း ပိုကောင်းလာမှာပါ။
ဘာကြောင့်လဲဆိုတော့ Sony က မိတ်ဆက်မယ့်အချိန်ကို တရားဝင်မကြေညာခင်မှာ Sony WH-1000XM6 ရဲ့ သတင်းတွေ တော်တော်များများက Leak ပေါက်ကြားထားပါတယ်။​
အဲ့ဒီသတင်းတွေအရ -
Sony WH-1000XM6 က HD QN3 Processor ကို သုံးထားမယ်၊ ဒါက XM5 မှာသုံးထားတဲ့ QN1 ထက် (၇) ဆ ပိုမြန်တယ်။
ပြီးတော့ Noise Cancelling အတွက် 12-Microphone System ကို Upgrade လုပ်ထားတယ်၊ ဆိုတော့ Noise Cancelling ၊​ Ambient Noise တွေ၊ Air Pressure တွေအကုန်လုံးကို ပိုပြီး သိရှိနိုင်ပြီ - Advanced D/A Converter လည်းပါလာပြီး Sound Reproduction ကို ပိုကောင်းအောင် လုပ်ပေးနိုင်တယ်။
Feature အသစ်တွေအနေနဲ့ Noise Cancelling ကို အလိုအလျောက်လုပ်ပေးနိုင်တဲ့ Adaptive NC Optimizer Technology ပါမယ်၊​ ပတ်ဝန်းကျင်အသံတွေကို အလိုအလျောက်သိနိုင်တဲ့ Smart Ambient Mode လည်းပါလာပြီ။​
တခြား LDAC Codec ကနေတစ်ဆင့် Hi-Res Audio ရမယ်၊ Edge-AI ၊ DSEE Extreme လို နည်းပညာတွေလည်းပါမယ်။ ဖုန်းပြောဖို့အတွက် Beamforming နည်းပညာသုံးထားတဲ့ Mic ၆ ခုပါမယ်။ Battery Life အနေနဲ့ နာရီ ၃၀ သုံးလို့ရမယ့်အပြင် ၃ မိနစ် အားသွင်းပြီး ၁ နာရီလောက် နားထောင်နိုင်မယ်။

imageimage