ဂျပန်မှာ အသစ်ဖွင့်လိုက်တဲ့ Godzilla ပန်းခြံ
Toho က သူတို့ရဲ့ Godzilla ဆိုရှယ်မီဒီယာမှာ မကြာသေးခင်က Godzilla နဲ့ ပတ်သက်ပြီး တစ်ခုခုထူးခြားတာလာမယ်လို့ ကြေညာလိုက်ပါတယ်။
“Godzilla Minus One” ရဲ့ အော်စကာဆုရဒါရိုက်တာ Takashi Yamazaki က Toho International အတွက် ဂျပန်နိုင်ငံရဲ့ ဆိဘူအင်အပန်းဖြေဥယျာဉ်မှာ “Godzilla the Ride: Giant Monsters Ultimate Battle” ဆိုတဲ့ Project တစ်ခုကို ပြထားပြီး ဒီထဲမှာ Godzilla တစ်ကောင်ကို အပြင်မှာမြင်နေရအောင်လုပ်ထားပေးတယ်လို့သိရပါတယ်။
လက်ရှိမှာ ဒီအပန်းဖြေဥယျာဥ်က Godzilla ကြောင့် နာမည်ကြီးနေပြီး ကမ္ဘာတဝှမ်းက ပရိတ်သက်တွေစီက ချီးကျူးမှုတွေများစွာရရှိထားပါတယ်။
ပြောရရင် Jurassic World လိုမျိုး ဒိုင်နိုဆောတွေရှိတဲ့နေရာကို ရထားလေးစီးပြီး သွားရသလိုပုံစံလုပ်ထားသလိုမျိုးပါ။
ဒါပေမယ့် Godzilla ပန်းခြံမှာတော့ VFX တွေတော်တော်လေးသုံးထားပြီး ပြည်ပက ပညာရှင်တွေအကူအညီနဲ့ ဒီပန်းခြံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဒါရိုက်တာ Takashi Yamazaki ကတော့ Godzilla ပန်းခြံဖြစ်လာဖို့ သူနဲ့ သူအဖွဲ့တွေဟာ နေ့မအား ညမနားပဲဖန်တီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် Yamazaki က “Godzilla Minus One” ရဲ့ နောက်ဆက်တွဲတစ်ခုကိုလည်း လုပ်ဆောင်နေသေးကြောင်းသိရပါတယ်။
