7 ပတ် - ဘာသာပြန်ပါ။

Clayface ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြန်ရေးနေတယ်လို့ သိရ
လက်ရှိမှာ Clayface ရုပ်ရှင်အတွက် The Haunting of Hill House ရဲ့ Mike Flanagan ရေးထားတဲ့ ဇာတ်ညွှန်းကို အခုတစ်ခါ အခြားစာရေးဆရာတစ်ယောက်ကို လွှဲပေးပြီး အသစ်ပြန်ရေးခိုင်းနေပြီလို့သိရပါတယ်။
TheWrap ရဲ့ ဖော်ပြချက်အရ Screenwriter တစ်ယောက်ဖြစ်တဲ့ Hossein Amini က အခု DC Studios အတွက် Clayface ဇာတ်ညွှန်းကို ပြန်ရေးမယ်လို့ သိရပါတယ်။ Amini ကတော့ 2011 မှာ Ryan Gosling သရုပ်ဆောင်တဲ့ ဂန္တဝင်ရုပ်ရှင် Drive ရဲ့ ဇာတ်ညွှန်းနဲ့ လူသိများပြီး၊ 1997 မှာ The Wings of the Dove ရုပ်ရှင်အတွက် အကောင်းဆုံး Adapted Screenplay ဆုအတွက် အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒီသတင်းက တော်တော်လေး အံ့အားသင့်စရာပါ။ ပြီးခဲ့တဲ့နှစ်က Horror ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Flanagan က Clayface အတွက် ဇာတ်ညွန်းရေးသားနေတယ်လို့ Twitter ကနေ ကြေညာခဲ့ပါတယ်။
ဒီ ရုပ်ရှင်က Horror၊ thriller နဲ့ Drama ဆန်ဆန် ဖြစ်လာမယ်လို့ သိထားပေမယ့်၊ အခု ဇာတ်ညွှန်းအသစ် အစက ပြန်ရေးမယ့် သတင်းအရတော့ Flanagan အတိုင်း ဆက်သွားမလား၊ သူကလည်း ဒီ ထုတ်လုပ်မှုမှာပါဝင်နေသေးလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
DC Comic ထဲမှာ Clayface ဆိုတဲ့ ဇာတ်ကောင်ကို 1940 ဇွန်လမှာ စတင်မိတ်ဆက်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ရူးသွပ်ခဲ့ရာကနေ နောက်ဆုံး ရာဇဝတ်သားဘဝကိုရောက်သွားတဲ့သူတစ်ယောက်က ထူးဆန်းတဲ့ ရွှံ့စေးလိုမျိုး ပစ္စည်းနဲ့ ဖွဲ့စည်းထားတဲ့အရာနဲ့ ထိမိပြီး Batman ရဲ့ အဓိက Villain တစ်ယောက်ဘဝကိုရောက်လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Clayfaceရုပ်ရှင်ကိုတော့ အောက်တိုဘာလမှာ ယူကေမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
DC Studios ကတော့ Clayface ရုပ်ရှင်ကို 2026 စက်တင်ဘာ 11 မှာ DCU Chapter One: Gods and Monsters ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

image