ဗုဒ္ဓသည် ရှေးအကျဆုံးစီမံခန့်ခွဲသူ ခေါင်းဆောင်တစ်ဦးဖြစ်သည် ။ လူသားတစ်ယောက်၏ ဖြစ်တည်ခြင်း၊ လွတ်လပ်မှုနှင့်စီမံခန့်ခွဲမှုကို ရှေးအကျဆုံး ကိုယ်တိုင်နားလည် တည်ဆောက်ခဲ့သူဖြစ်သည် ။
ဗုဒ္ဓသည် စီမံခန့်ခွဲမှုနည်းစနစ်များကို ကိုယ်တိုင်ဖော်ထုတ်ခဲ့ရုံသာမက ကိုယ်တိုင်ကျင့်သုံးအောင်မြင်သူလည်း ဖြစ်သည်။
ဗုဒ္ဓစီမံခန့်ခွဲကို လေ့လာသည့်အခါ လူအဖွဲ့အစည်းနှင့်ထိခိုက်မှု အနည်းဆုံးကို အကြိမ်ကြိမ်ကျင့်သုံးခဲ့သည့် စီမံခန့်ခွဲမှုများအဖြစ် မြင်တွေ့ရပါသည် ။
လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ကျော် ကာလက သံဃာ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ ပရိနဗ္ဗာန်ပြုသွားသည့်တိုင် ယနေ့အထိ သံဃာ့အဖွဲ့အစည်း ပြိုကွဲမသွားရခြင်းမှာ ဗုဒ္ဓ၏ စီမံခန့်ခွဲမှု ကျွမ်းကျင်မှုကို ဖော်ပြနေခြင်းဖြစ်သည် ။
📙ဗုဒ္ဓ၏ အာရှတန်ဖိုး
