7 ပတ် - ဘာသာပြန်ပါ။

ပန်းဆိုင်-နွေအိမ်မောင်ဝင်း(Rating-🌟🌟🌟🌟🌟)
"လူတစ်ယောက်ကိုချစ်တယ်ဆိုတာ အသက်ရှင်သန်လိုခြင်းဘဲ"
ပထမဆုံးပြောချင်တာကတော့ ကွင်းမောင်ရေ
ကျေးဇူးပါလို့ ဆေးခါးလေးတွေတိုက်ပေးလို့🥹
ဆရာမကိုဝင်းမောင်ရဲ့ဒုတိယမြောက်ခြေလှမ်းလေးလို့ပြောရမဲ့"ပန်းဆိုင်"ဆိုတဲ့စာအုပ်လေး
ဒီစာအုပ်လေးထွက်မယ်ထွက်မယ်ပြောပြီးအခုမှထွက်ဖြစ်တာလေ🫣
ဒီစာအုပ်လေးမှာဝတ္ထုတိုပေါင်း10ပုဒ်ပါဝင်ရေးသားထားပြီး
တစ်ပုဒ်ချင်းစီမှာလည်းမတူညီတဲ့ရသမျိုးစုံပေးစွမ်းထားပါတယ်ဗျ(ဆေးခါးတွေတော့များတာပေါ့နော်🥲)
အဲ့ထဲကတစ်ပုဒ်ဟာဆိုရင်ဖြင့်ဆရာမဟာထုံးစံအတိုင်းBL🏳️‍🌈တစ်ပုဒ်ထည့်ထားပါသေးတယ်ဗျ💜
အဲ့တစ်ပုဒ်ဟာဆိုရင်လည်းရင်ထဲကိုခံစားသွားစေရလောက်တဲ့အထိဆရာမအရေးအသားဟာပြောင်မြောက်လွန်းနေခဲ့ပါတယ်🤍
ဝိုင်းစုရဲ့"ချစ်သူမရှိတဲ့အချိန်"ကို
ဖွင့်နားထောင်တိုင်း"ပန်းဆိုင်"ထဲက
နီနီနဲ့ကိုလွင်ဦးကိုဘဲပြေးမြင်ယောင်မိသည့်အထိရင်ထဲနစ်ဝင်ခံစားရပါတယ်ဗျာ🥺❤️‍🩹
ဒါ့အပြင်
ဆရာမကိုဝင်းမောင်ဟာဒီစာအုပ်ထဲမှာကြည်ပြာရောင်တွေကိုထည့်သုံးထားတာတွေ့ရအုံးမှာပါဗျ

image