#ပြည်တွင်းသတင်း
◼ သာစည်၌ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်
ယနေ့ (မေ ၉ ရက်) မွန်းလွဲ ၃ နာရီ၊ ၇ မိနစ်၊ ၃၀ စက္ကန့်တွင် အင်အားရစ်ခ်ျ ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ယင်းငလျင်မှာ မန္တလေးတိုင်း၊ သာစည်မြို့၏ တောင်-အရှေ့တောင်ဘက်နှစ်မိုင်ခန့် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယနေ့နံနက် ၇ နာရီ၊ ၁၈ မိနစ်၊ ၁ စက္ကန့်တွင်လည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အနက် ၁၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ယခုမေလပထမ ၁၀ ရက်အတွင်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့၊ မတ္တရာမြို့၊ ပျော်ဘွယ်မြို့နှင့် ပဲခူးတိုင်းရှိ ဖြူးမြို့၊ ကျောက်တံခါးမြို့တို့တွင် ငလျင်လှုပ်ခတ်မှုစုစုပေါင်းခုနစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD
