7 ပတ် - ဘာသာပြန်ပါ။

စက်သေနတ် တပ် Cybertruck ကို အီလွန်မတ်စ် အဝေးက ပိတ်ချ
Tesla ဆီက Cybertruck ကားဝယ်ပြီး ကားပေါ် စက်သေနတ်ဆင်ခဲ့တဲ့ ချာချင်ညာခေါင်းဆောင်တော့ အီလွန်မတ်စ်ကို ဒေါသထွက်နေပါတယ်။
သူ့ကားကို အဝေးကနေ သုံးမရအောင် လုပ်လိုက်လို့ပါ။ ၂၀၀၇ ကတည်းက ချာချင်ညာမှာ အာဏာရလာတဲ့ ရမ်ဇန်ကတ်ဒရော့ဗ်က X ပေါ်မှာ အခုလို ပြောပါတယ်။
"အီလွန်မတ်စ်လုပ်တာ အတော်ဆိုးတယ်။ နှလုံးသားထဲက တန်ဖိုးကြီးလက်ဆောင်တွေ သူပေးပြီး အဝေးကနေ ပိတ်ပစ်တယ်" တဲ့။
ဆက်ပြောတာ ရှိပါတယ်။ "ဒါကြီးက ယောင်္ကျားမဆန်ဘူး။ အဲ့ဒါ ခင်ဗျားဘယ်လိုလုပ်မလဲ အီလွန် " ဆိုပြီး ပြောပါတယ်။ Tesla ဘက်က သူ့ကားကို ပိတ်ချလိုက်တာမို့ ကားကို ကြိုးနဲ့ဆွဲရတော့မယ်လို့လည်း ကတ်ဒရော့ဗ်က ထပ်ပြောထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့မိတ်ဆွေကြီး ဖြစ်တဲ့ ကတ်ဒရော့ဗ်ဟာ သူ့ Cybertruck မှာ စစ်သေနတ်တပ်ထားတဲ့ ဗွီဒီယိုတင်ခဲ့လို့ ပွဲဆူစေခဲ့သူပါ။ အဲ့ဒီကားကလည်း အီလွန်မတ်စ်ဆီက လက်ဆောင်ရထားတာလို့ ဆိုပါတယ်။
အီလွန်မတ်စ်ကတော့ ကတ်ဒရော့ဗ်ကို ကားလက်ဆောင်ပေးတယ်ဆိုတဲ့သတင်းကို ငြင်းဖူးပါတယ်။ Tesla ရဲ့ ကားတွေက အဝေးကနေ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်နည်းပညာတွေ ပါတာဖြစ်လို့ အခုလို ပိတ်ချလိုက်ရင် သုံးမရတော့တာတွေ ဖြစ်နိုင်ပါတယ်။
ကတ်ဒရော့ဗ်ပြောသလို အီလွန်မတ်စ်သာ လော့ဖြည်မပေးရင် Cybertruck ကြီးကို ကြိုးနဲ့ဆွဲရမယ့်ကိန်း ဆိုက်နေပါပြီ။

image