8 ပတ် - ဘာသာပြန်ပါ။

အပါးတစ်လိုင်း Galaxy S25 Edge ထွက်မယ့်ရက် ကြေညာ
Galaxy S25 စီးရီးထဲမှာ အခုထိ မိတ်မဆက်ရသေးတဲ့ S25 Edge က နောက်အပတ်ထဲ ထွက်လာတော့မှာပါ။
အပါးဆုံး Slim Model ဖြစ်တဲ့ Galaxy S25 Edge က ဒီနှစ်မှာ မြင်ရမယ့် iPhone 17 Air ကို ယှဉ်ဖိုက်မယ့် တန်းမြင့်ဖုန်း ဖြစ်လာပါလိမ့်မယ်။ iPhone 17 Air ရဲ့ rumors တွေအရတော့ ဒီဖုန်းက iPhone 16e လိုမျိုး နောက်ကင်မရာတစ်လုံးတည်း ပါပြီး ဒေါ်လာ ၉၀၀ လောက် ပေါက်ဈေး ရှိနိုင်ပါတယ်။
Galaxy S25 Edge ကတော့ iPhone 17 Air လို high-end နဲ့ low-end feature တွေ မျှသုံးထားတဲ့ ဖုန်းမျိုးမဟုတ်ဘဲ flagship level စွမ်းဆောင်ရည်နဲ့ သာလွန်တဲ့ အလွယ်တကူကိုင်တွယ်သယ်ယူနိုင်မှု ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်ခုလို ဦးတည်လာနိုင်ပါတယ်။
သတင်းတွေအရ S25 Edge မှာ Samsung ရဲ့ အမြင့်ဆုံးဖုန်း Galaxy S25 Ultra လိုမျိုး 200MP main Camera သုံးမယ်လို့လည်း ပြောနေပါတယ်။ ဒီဖုန်းရဲ့ specs နဲ့ ဈေးနှုန်းတွေကို လာမယ့်တနင်္လာနေ့မှာ Samsung အွန်လိုင်း Unpacked ပွဲမှာ ကြေညာသွားမှာပါ။
ဒေသစံတော်ချိန်ပေါ် လိုက်ပြီး ပွဲချိန်ကွာပါလိမ့်မယ်။ တောင်ကိုရီးယားမှာဆို မေလ ၁၃ ရက် မနက် ၉ နာရီ ၊ ကယ်လီဖိုးနီးယားမှာ မေလ ၁၂ ရက် ညနေ ၅ နာရီ ၊ လန်ဒန်မှာ မေလ ၁၃ ရက် မနက် ၁ နာရီနဲ့ အိန္ဒိယမှာ မေလ ၁၃ ရက် မနက် ၅ နာရီခွဲတွေမှာ ဖုန်းမိတ်ဆက်ပွဲကို တွေ့မြင်ရမှာပါ။

image