8 w - Translate

10000mAh ဘက်ထရီ 320W charging နဲ့ realme ဖုန်း
ဘက်ထရီနဲ့ charging နည်းပညာမှာ realme က တော်တော်စွာတဲ့ဖုန်းပါ။
ကမ္ဘာ့အားသွင်းအမြန်ဆုံး realme GT3 ဖုန်းကို ထုတ်ထားတဲ့ ဒီကုမ္ပဏီက အခု နောက်ထပ် Charging စံချိန်သစ်ကို prototype ချပြလိုက်ပါတယ်။ realme က global launch လုပ်မယ့် realme GT 7 နဲ့အတူ အကြီးစား 10000mAh ဘက်ထရီနဲ့ အမြန်ဆုံး 320W charging ကို concept ဖုန်းအနေနဲ့ စမ်းပြသွားတာပါ။
10000mAh ဘက်ထရီက Ulefone လိုမျိုး Rugged ဖုန်းစီးရီးကလွဲရင် စမတ်ဖုန်းလောက်မှာ ဘက်ထရီ mAh အကြီးဆုံး သုံးတာလို့ ပြောနိုင်ပါတယ်။ realme ကို ချီးကျူးရမှာက ဒီလောက်ကြီးတဲ့ ဘက်ထရီသုံးတာတောင် ဖုန်းအထူကို 8.5mm အောက် ထားနိုင်ပြီး ဝိတ်လည်း 200g ကျော် ပုံမှန်ထိန်းနိုင်တာပါ။
realme ရဲ့ concept ဖုန်းက semi-transparent ဖြစ်တဲ့ back cover နဲ့ လာပြီး ultra-high silicon anode ဘက်ထရီ သုံးပါတယ်။ ဘက်ထရီမှာ ဆီလီကွန်အချိုး ၁၀% ပါတာ ဖြစ်လို့ စမတ်ဖုန်းလောကမှာ အမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။ စွမ်းအင်သိပ်သည်းဆ 887Wh/L သုံးထားသလို ဘက်ထရီနေရာပိုထွက်ဖို့ ဖုန်း motherboard ကိုလည်း 23.4mm ပဲဖြစ်အောင် ချုံ့ထားနိုင်တယ်လို့ ဆိုပါတယ်။
အခုကတော့ နည်းပညာစမ်းပြတဲ့ prototype အဆင့်ပဲ ရှိသေးပြီး ဈေးကွက်ထဲ ဒီနည်းပညာသုံး realme ဖုန်းထုတ်ဖို့ သတင်းမကြားရသေးပါဘူး။

image