ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး-ပါပီယွန်(Rating-4.5/5)
ဒီစာအုပ်လေးဟာလီယံကိုစွဲဆောင်နေခဲ့တာကြာပြီ
အထူးသဖြင့်စာအုပ်နာမည်အဆန်းနဲ့အဖုံးပုံစံလေးကြောင့်ပေါ့
ဟိုတစ်လောကမှအမတစ်ယောက်ညွှန်းလို့ဝယ်ဖတ်လိုက်တာ
အမှာစာမှာတော့ဆရာဟာ
အဓိကဇာတ်ဆောင်တွေဖြစ်တဲ့
ကျနော်(နာမ်စား)နဲ့ဒေါ်နန်းမေမေကြည်ဟာ
လက်တွေ့ဘဝမှာတကယ်ရှိတဲ့လူတွေဟုတ်ပါ့မလား
စိတ်ကူးယဉ်သက်သက်ဘဲလားဆိုတာကိုတော့ဒွိဟပေးထားပါတယ်ဗျ🧐
(လီယံတော့တကယ်လက်တွေ့ဖြစ်ခဲ့တယ်လို့တော့ထင်ပါတယ်🤭)
စစချင်းစာမျက်နှာ(5လောက်အထိကတော့Essayပုံစံလိုကြီးပါ့လားဆိုပြီးငြီးလိုက်ပါသေးတယ်😬
နောက်ပိုင်းမှာတဖြေးဖြေးနဲ့ဇာတ်ရှိန်တွေတက်လာပြီးစာအုပ်ကိုလက်ကမချချင်လောက်အောင်ဆွဲခေါ်သွားပါတယ်💜
စာအုပ်ထဲမှာနိုင်ငံခြားမှာကျောင်းသွားတက်နေတဲ့
ကျောင်းသားတွေရဲ့တွေ့ကြုံရတဲ့ဘာသာစကားအခက်အခဲတွေ၊အလုပ်အကိုင်ရှားပါးမှုတွေ၊လူမျိုးရေးခွဲခြားမှုတွေ၊တစ်နေ့စားဖို့တောင်အနိုင်နိုင်ရုန်းနေကြရပါ့လားလို့သိခဲ့ရတယ်
ဒီထဲမှာကြတော့ဇာတ်ဆောင်လို့ပြောရမဲ့"ကျနော်"ဟာအရမ်းအတ္တဆန်ပြီးမာနကိုရှေ့တန်းတင်လွန်းတယ်လို့တော့ထင်တယ်ဗျ
(ဒေါ်နန်းမေမေကြည်ကိုတော့သနားတာပေါ့ဗျာ🥺❤️🩹)
ဇာတ်လမ်းကအဲ့လောက်ဘဲပြောလို့ရမယ်ဗျ
