8 w - Translate

❛ အိမ်လွမ်းနာ ❜
_ _ _ _ _ _ _ _
ပျော်ရွှင်ရတဲ့အကြောင်း
ရင်နာရတဲ့အကြောင်း
အောင်မြင်ခဲ့တဲ့အကြောင်း
မအောင်မြင်ခဲ့တဲ့အကြောင်း
တစ်နေ့တာ ကြုံသမျှကို
ကိုယ့်အိပ်ရာလေးဆီ
အကုန်ပစ်ချလိုက်တယ်
ပြီးတော့ ... ငို ... ။
ကိုယ့်စိတ်ဝိညာဉ်ဟာ
စံပယ်ခင်းလေးရှိတဲ့ အိမ်ဆီ
မီးခိုးစော် နံနေတဲ့
အမေ့ရဲ့ မီးဖိုချောင်လေးဆီ
လုံမရေလို့ခေါ်တဲ့ အဖေ့ရဲ့လယ်ကွင်းတွေဆီ ဖယောင်းတိုင်အောက်က
စုံညီထမင်းဝိုင်းဆီ
ကိုယ့်စိတ်ဝိညာဉ်လေး
ကိုယ့်ထံပြန်ရောက်သောအခါ … ငို … ။
ရေကြည်ရာ မြက်နုရာဆိုသော အရပ်မှာ
အိမ်လွမ်းနာဆိုတာ ဝဋ်နာကံနာ ။
• မြ ကျေး •

image