8 w - Translate

2022 KIA Stinger
အမေရိကန်၊ ဂျပန်၊ ဂျာမနီကားတွေဟာ ကားလောကမှာနေရာတစ်နေရာကိုရထားကြတယ်ဆိုပေမယ့် ကိုးရီးယားကားတွေကိုလည်း မေ့ထားလို့မရပါဘူး။ ကိုးရီးယားကားတွေဟာခုနောက်ပိုင်းမှာ အဆင့်အတန်းမြင့်လာပြီးတော့ Genesis G90 ဆိုရင် S-class / A8 / 7 Series တို့နဲ့ကို ရင်ဘောင်တန်းလာနိုင်ပါပြီ။ ကိုးရီးယားကားလို့ပြောလိုက်တာနဲ့ KIA နဲ့ Genesis က မပါမဖြစ်ပါပဲ။ ဒီနေ့ပြောပြပေးမှာကတော့ KIA ရဲ့ Top Sports Sedan တစ်စီးဖြစ်တဲ့ Stinger အကြောင်းပဲ ဖြစ်ပါတယ်။
KIA Stinger ကိုတော့ 2017 မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး desgin ပိုင်းမှာတော့ ယနေ့အထိ သိသိသာသာ ပြောင်းလဲလာခြင်းမရှိသေးပါဘူး။ KIA မှာကလည်း Sports ကားဆိုလို့ Stinger လောက်သာရွေးချယ်စရာရှိပြီး A5 / 4 Series တို့ကို ယှဥ်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ Genesis G70 ကို underpinning အနည်းငယ်လုပ်ထားပေမယ့် interior, large cargo space, hatchback liftgate တွေကတော့ KIA ရဲ့ vibe ကိုပဲရရှိစေမှာပါ။
အစပိုင်းမှာ GT Line, GT1, GT2 ဆိုပြီး trims သုံးမျိုးထုတ်လုပ်ခဲ့ပေမယ့် 2022 အစောပိုင်းမှာတော့ Scropion Edition ကို GT Elite trim အနေနဲ့ အသစ်ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ Scorpion Edition ကတော့ Limited ဖြစ်ပြီးတော့ Canada မှာ 120 units နဲ့ US မှာ 250 units ပဲ ထုတ်လုပ်မှာဖြစ်ပါတယ်။ Trims အားလုံး 3.3 L twin-turbo V6 engine ကိုသုံးပေးထားမှာဖြစ်ပြီး performance အနေနဲ့ 368 Hp နဲ့ 376 lb-ft of torque ရရှိမှာပါ။ Eight-speed automatic transmations ဖြစ်ပြီး previous gen ထက် 3 Hp တိုးလာတာပဲ ဖြစ်ပါတယ်။ Top-speed 167 miles/hr ထိမောင်းနှင်နိုင်မှာဖြစ်ပြီး mpgs အနေနဲ့ မြို့တွင်းကို 18 miles နဲ့ highway ကို 27 miles အထိ မောင်းနှင်းနိုင်မှာပါ။ Sunroof ပါတဲ့အတွက် ကားရဲ့ weight ကတော့ 4000 pounds အထိ လေးမှာဖြစ်ပြီး length ကလည်း Audi A4 / BMW 3 series တို့ထက်ကို 3'' ပိုရှည်အုံးမှာပဲ ဖြစ်ပါတယ်။
ကားရဲ့အရှေ့ပိုင်း KIA badge ကတော့ K5 / Carnival တို့မှာကဲ့သို့ အသစ်ပြောင်းလဲသွားပြီ ဖြစ်ပြီး Stinger မှာတပ်ဆင်ပေးထားတဲ့ tiger nose grills တွေကလည်းမြင်လိုက်တာနဲ့ Stinger ဖြစ်တယ်ဆိုတာကို အလွယ်တကူ သိသာစေမှာပဲ ဖြစ်ပါတယ်။ ( BMW ရဲ့ Kidney grills တွေကိုမြင်ရင် BMW ဆိုတာ အလွယ်တကူသိသာစေသကဲ့သို့ ) 19'' wheels တွေကိုသုံးပေးထားမှာဖြစ်ပြီး sports ကားတစ်စီးဖြစ်တဲ့အတွက် spoiler ကိုတော့တပ်ဆင်ပေးထားမှာပဲ ဖြစ်ပါတယ်။ 5'' ရှိတဲ့ exhaust ပေါက် လေးခုပါဝင်မှာဖြစ်ပြီး မောင်းတဲ့ mode ပေါ်မူတည်ကာ exhaust သံ အတိုးအကျယ်ကွာခြားမှာပါ။ Sports ကားတစ်စီးအနေနဲ့ heat extractor hood vents တွေမတပ်ဆင်ပေးထားပဲ fake hood vents တွေကိုသာတပ်ဆင်ပေးထားတာကတော့ ဝမ်းနည်းဖို့ကောင်းပါတယ်။
Dashboard နဲ့ AC vents သုံးခုဟာဆိုရင်လည်း C-class ရဲ့ interior နဲ့ဆင်တူပြီး Ambient lights တွေသာပါရင်တော့ တကယ့် C-class ထဲဝင်လိုက်သလို feeling မျိုးကိုရရှိစေမှာ အသေအချာပါပဲ။ ယခင် model ကဲ့သို့ 8'' မဟုတ်တော့ဘဲ 10.3'' Apple CarPlay and Android Auto touch screen ကိုပြောင်းလဲတပ်ဆင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ Smart, Eco, Comfort, Sport, Custom ဆိုပြီး mode ငါးခုသာပါဝင်မှာဖြစ်ပြီး Sport + mode တော့ပါဝင်မှာမဟုတ်ပါဘူး။ Wireless charger ပါဝင်မှာဖြစ်ပြီး Scorpion Edition မှာဆိုရင်တော့ Carbon fiber pattern တွေပါဝင်မှာပဲ ဖြစ်ပါတယ်။ Heated and Ventilated seats တွေဖြစ်ရုံသာမက Heated Steering wheel ဖြစ်ပြီးတော့ memory seat setting ကိုလည်း နှစ်မျိုးထိ ထားနိုင်မှာပဲ ​ဖြစ်ပါတယ်။
GT Line, GT1, GT2 တို့ကတော့ သိသိသာသာ ကွာခြားခြင်းမရှိပေမယ့် Scorpion Edition မှာတော့ latest safety နဲ့ convenience features တွေပါဝင်မှာပဲ ဖြစ်ပါတယ်။ အတွင်းခန်းကလည်း Black Nappa Leather seats တွေ ဖြစ်မယ့်အပြင် Black side mirror caps, Black fender garnish, Darkened exhaust tips တွေနဲ့ Carbon fiber pattern trims တွေကိုမြင်လိုက်တာနဲ့တင် Scorpion Edition ဖြစ်မှန်းအလွယ်တကူသိသာစေမှာပဲ ဖြစ်ပါတယ်။ အခြား trims တွေမှာ exterior color (၇) မျိုးရရှိမှာဖြစ်ပြီး Scorpion Edition မှာတော့ Snow White Pearl, Aurora Black, Ghost Grey ဆိုပြီး (၃) မျိုးရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

image