8 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကိုရီးယားခွင့်ပြန်လုပ်သားများ အလုပ်သမားဝန်ကြီးဌာနမှ ကြေညာသည့် ထွက်ခွာခွင့်စာရင်းပါမှသာ ပြန်လည်ထွက်ခွာခွင့်ရမည်
ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်ပြီး ခွင့်ဖြင့် ပြန်လာသည့် မြန်မာအလုပ်သမားများအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက ကြေညာပေးသည့်ထွက်ခွာခွင့် အမည်စာရင်းပါဝင်မှသာ ကိုရီးယားသို့ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း မေ ၇ ရက်က အစိုးရအလုပ်အကိုင်အေဂျင်စီ POEA မှ ကြေညာထားသည်။
ကိုရီးယားနိုင်ငံမှမြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်ရောက်လာပါက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံသို့ မပျက်မကွက် သတင်းပေးပို့ရမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာရမည့် နေ့ရက်အား Safe Migiation ၏ တယ်လီဂရမ်ချန်နယ်မှ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုကို အစိုးရအလုပ်အကိုင် အေဂျင်စီ POEA မှစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြသည့် အမျိုးသားအများစုမှာအသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်အသက်(၁၈) နှစ်မှ(၃၅) နှစ်အတွင်း အသက်ကန့်သတ်ချက် အကျုံးဝင်အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ကြောင်းသာ ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ တရားဝင်အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

image