(၅၈)ကြိမ်မြောက်စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်လေးခုဆွတ်ခူးရရှိသောအားကစားအဖွဲအားဂုဏ်ပြုဆုချီးမြှင့်
(၈၅)ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ်အားကစားပြိုင်ပွဲကိုဧပြီ၂၄ရက်နှင့်၂၅ ရက်ကကျင်းပခဲ့ရာရွှေလေးခုဆွတ်ခူးရရှိသောမြန်မာပြေးခုန်ပစ်အားကစားအဖွဲအားဂုဏ်ပြုဆုချီးမြှင့်ပွဲကိုမေ၈ရက်ညပိုင်းကရန်ကုန်မြို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ပြည်ထောင်စုခန်းမ၌ကျင်းပသည်။
ဆုရရှိသူများကိုမြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက၊တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများကဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
Crd: NOM