''Astral projection''
မှော်ဂမ္ဘီရ နှင့် နျူရွန် ကြားက ခရီး
ဒီလိုမျိုး ဂမ္ဘီရ ဆန်ဆန် ​မှော်ဆန်ဆန်
ကျင့်စဥ်လိုမျိုးတွေ ၊ ဂန္ဓာရီကျင့်စဥ်တွေ
ဝိဇ္ဇာ ကျင့်စဥ် တွေ စတဲ့ ဒီလိုမျိုးတွေ ဟာ
တခေတ်တခါတုန်း ထွန်းကားခဲ့ဖူးတယ်။
အဲ့ဒီခေတ် အဲဒီအခါတုန်းက
ဘာတွေက popular အဖြစ်ဆုံးလဲဆိုတော့
ရွှေရင်ကျော်ဂိုဏ်းတွေ ၊ ဂမ္ဘီရ မဂ္ဂဇင်းတွေရဲ့
ဘလာဘလာ မန္တန်းဂါထာတွေ ၊
တစ္ဆေ သရဲ ဝတ္ထုတွေ ၊ ဗေဒင်တွေ အပြင်
ဒီလို လိပ်ပြာ လွင့်ခြင်းဟာလဲ
ကျနော်တို့ငယ်ငယ်တုန်း အတော်လေး
လွမ်းမိုး စိုးမိုးခဲ့ကြတယ်။
အဲ့ဒီလို ခေတ် ကြီးရဲ့
လက်ကျန် အပိုင်းအစတွေဟာလဲ
ယနေ့ တချို့လူငယ်တွေဆီ လက်ခံ
ဆက်ခံနေတုန်းတွေ့ရသေးတယ်။
လိပ်ပြာလွှင့်ခြင်း အကြောင်းကို
တချိန်တုန်းက ရေပန်းစား
စာရေးဆရာ တွေဖြစ်တဲ့
တြိသိခ် ရဲ့ ရှန်ဘဲလား ရှာပုံတော် တို့ ၊
ပျောက်ဆုံးနေသော ရှန်ဂရီလာ တို့
စတဲ့ စာတွေကနေစလာတယ်။
မင်းသိခ် ရဲ့
မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ ဆိုတဲ့ စာအုပ်မှာလဲ
မဟာမြိုင် (ရှန်ဘဲလား)အပြင်
ဒီ လိပ်ပြာလွှင့်ခြင်း ကျင့်စဥ်တွေ အထူးတလဲ အကြောင်းပါ လာတယ်။
အရင်က စာအုပ်တွေရဲ့ အာနိသင်
အကျိုးဆက်ဟာ ယနေ့လို
တချို့လူငယ်တွေထိပါ ကူးစက်
ပြန့်နှံနေတုန်းပါပဲ။
ဒီလိုမျ်ုး လောင်းရိပ်အောက်ကနေ ရုန်းထွက်မို့
ဆိုတာ အတော်လေး ခက်ပါတယ်။
မွေးကတည်းက ပုံစံသွင်း ရိုက်သွင်းခံရတဲ့
ဘာသာရေး မပြောနဲ့ အခုလို အရာတွေ
အောက်ကနေ ဖောက်ထွက်မတွေးတောရဲတဲ့
​မှော် ဂမ္ဘီရ တွေ၊ တန်ခိုးပြာဌိတွေ ၊
နတ်ပူး နဂါးပူး စုန်းပူး
ထိတောင် ရှိနေကြတုန်းပါပဲ။
ကျနော်လဲ ဒီလို အစုံလောင်းရိပ်အောက်ကနေ
ဘယ်လို ရုန်းထွက် လာခဲ့ရတာလဲ ဆိုတာကို
''ဗလာ ''ဆိုတဲ့ ပိုစ့်နဲ့ တင်ခဲ့ဖူးပါတယ်။
ဒီလို ဂမ္ဘီရ ကျင့်စဥ် ၊ ဝိဇ္ဇာ ကျင့်စဥ် အပြင်
လိပ်ပြာလွှင့်ခြင်းတို့ တခါ
တတိယ မျက်လုံး တို့ဆိုတာတွေပါပဲ။
ဆိုတော့ လိပ်ပြာလွှင့်ခြင်း ဆိုတာဘာလဲ????
လိပ်ပြာလွှင့်ခြင်း ဆိုတာ
ကိုယ်ခန္ဓာ ရုပ်ကြမ်းကနေ အနု စိတ်ဝိညာဉ် က
ထွက်ခွာပြီး သွားလာစေနိုင်သည်ဆိုတာကို
တိဗက်ဂုရု၊ ဟိန္ဒူဂုရုနဲ့ တချို့
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
စတဲ့ အနောက်တိုင်းသားတွေထက်
အရှေ့တိုင်းသားတွေက ပိုပြီး ယုံကြည်ကြတယ်။
ဒီ လိပ်ပြာလွှင့်ခြင်း
Astral projection ကျင့်စဥ်မှာ
အိပ်ပျော်နေစဥ်ခန္ဓာကိုယ် ကနေစိတ်ဝိညာဉ် ဟာ
ထွက်ခွာပြီး ကိုယ့်ကို ပြန်မြင်ရသလို
တနေရာကနေ တနေရာကို ငွေရောင်ကြိုး
မြှင်လေးနဲ့ ဆက်သွယ်ထားပြီး
နံရံ အတားအဆီးတွေကို ဖြတ်ကျော်ပြီး
ခရီးတွေလဲ သွားလို့ ရတယ်ပေါ့။
ဒါဟာ တကယ်ရော အမှန်ပဲလား
တကယ် ယုတ္တိကျ ရဲ့လား လို့ အရင်က
ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် မေးခွန်းထုတ်
ခဲ့တယ် ။
နောက်ဆုံးမှာ သိပ္ပံ နဲ့ပဲ ချဥ်းကပ်မှပဲ
ခေါင်းထဲက မေးခွန်းတွေအတွက် အဖြေရလာတယ်။
အဲဒါက neuroscience အကြောင်းပဲ။
(Neuroscience / Mind & Brain)
စိတ်နဲ့ဦးနောက်ဆိုတာ သီးခြားစီမဟုတ်ဘဲ
ကျနော်တို့ရဲ့ ခံစားမှု ၊ ခံစားချက်
စိတ် အတွေးကွန်ယက် ကြီးဟာဆိုရင်
ဦးနောက် ဆိုတဲ့ နူရွန်ကွန်ယက်ကြီး
စီကနေပဲ အားလုံးဟာ
မြစ်ဖျားခံလာခဲ့တာပါပဲ။
ဆိုတော့ ဦးနောက်ဟာ တွေ့ကြုံ ခံစား သိရှိရသမျှ ကို
ထိန်းချုပ်တဲ့နေရာဖြစ်တယ်။
အဲ့ထဲမှာမှ သိစိတ် နဲ့ မသိစိတ်
Conscious Mind And Subconscious Mind
ဆိုတာ ရှိသေးတယ်။
သိစိတ်ဆိုတာ ဆာတယ် စားမယ်၊
သွားတယ် လာတယ်၊ နာကျင်တယ် ပျော်ရွင်တယ်
ချစ်တယ် မုန်းတယ် စတဲ့ခံစားချက်
တွေ ပါဝင်ပြီး မသိစိတ်မှာ ကျတော့
ပုံဖော်ကိန်းအောင်းနေတဲ့
အကြောင်းအရာတွေရှိတယ် ။
မသိစိတ်ဆိုတာက ဥပမာ...
ခများ ဝထ္တုစာအုပ် တစ်အုပ်ကို ဖတ်နေတဲ့အချိန်
ရုပ်ရှင်ဇာတ်ကားတခုကို ကြည့်နေတဲ့အချိန်
အဲ့စာအုပ်ထဲက ရုပ်ရှင်ထဲက
ဇာတ်ကောင်တွေ ခများမရောက်ဖူးတဲ့
လန်ဒန်မြို့တွေ ၊ပဲရစ်မျော်စင်တွေ၊ ဧဝရက်တောင်တွေ
စတဲ့ အရာတွေကို ခများရဲ့မသိစိတ်တစ်နေရာမှာ
ပုံဖော်ပြီး မှတ်သားထားတတ်တယ်။
တနည်း ခများရဲ့ စိတ်ကူးစိတ်သန်း စတဲ့
ဒါတွေအားလုံးကို
ဦးနောက်ရဲ့ memories ထဲမှာ သိမ်းထားတယ်
တချိန်ချိန်မှာ အိမ်မက်အဖြစ်နဲ့
ပုံဖော်မက်တတ်ပါတယ် ။
ဒီ Astral projection လိပ်ပြာလွှင့်ခြင်း မှာ
အိပ်ပျော်နေစဥ်ခန္ဓာကိုယ် ကနေစိတ်ဝိညာဉ် က
ထွက်ခွာတာမဟုတ်ပဲ ကျနော်တို့
ဦးနောက်ရဲ့ memory မှတ်ညဏ်ကြီးကနေ
စိတ်ကူးပုံဖော် သိမ်းစီးထားတဲ့ အရာတွေကို
အိမ်မက်အဖြစ်နဲ့ ပြန်ပေါ်လာတာပါပဲ။
ကိုယ်ရင်နှီးကျွမ်းဝင်နေတဲ့ အိပ်ခန်းတွေကနေ
စလို့ တခါမှ မရောက်ဖူးတဲ့နေရာတွေ
ပဲရစ်မျော်စင်တွေ ၊ မဟာမြိုင်တွေ ၊
ရှန်ဘဲလား တွေ၊ ပိတ်ဖြူဝတ်စနဲ့
သူတော်စင်တွေ၊ ဝိဇ္ဇာ တွေ နဲ့ တွေ့ပြီး
စကားတွေ ပြောကြတယ် စသည်ဖြင့်
ဒါတွေအားလုံးကို ချုပ်လိုက်ရင်
လိပ်ပြာလွှင့်ခြင်း Astral projection ဆိုတာ
ခများ အိမ်မက် မက်နေတာပါပဲ။
ခများတို့ ပြောကြပါလိမ့်မယ် ဒါမှမဟုတ်
ကြားဖူးကြပါလိမ့်မယ်။
''စိတ်ဆိုတာ တကယ်ဆန်းကြယ်တယ် ''
ဆိုတဲ့စကားလုံးပေါ့။
မဟုတ်ပါဘူး
ဦးနောက်က တကယ် ဆန်းကြယ်နေတာပါ။
အဲ့ထဲမှာမှ ဆင်တူယိုမှား ဖြစ်တဲ့
နောက်ထပ် lucid dream ဆိုတာ ရှိသေးတယ် ။
သူက အိမ်မက် မက်နေမှန်း သိစိတ်က သိနေပြီး
အဲ့အိမ်မက်ကို လိုသလို ခိုင်းစေလို့ရနေတာပါပဲ။
ခများ ကြုံဖူးလိမ့်မယ်လို့ ထင်တယ်
အိမ်မက်ဆိုးတခုမှာ အိမ်မက်မက်ပြီး
ေ.သခါးနီး အချိန်မှာ လန့်နိုးလာတတ်ကြတယ်။
ဒါဟာ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့
ဦးနောက်က ​ေ.​သခြင်းဆိုတာ ဘာမှန်းမသိသေး
လို့ ဒီနေရာမှာတင် ခများကို သိစိတ် ပြန်ဝင်စေပြီး
နိုးထလိုက်စေတာပါပဲ။
စိတ်က ဘာမှ မဆန်းကြယ်ပါဘူး

image