8 ပတ် - ဘာသာပြန်ပါ။

အားကစားသမားတွေက ဝိတ်တန်းအတက်၊ အဆင်းလုပ်ရတာ မလွယ်ပါဘူး။ ဝိတ်အချ၊ အတင်လုပ်ရတာကို ပင်ပန်းလွန်းတယ်။ ဝိတ်တင်လိုက်ရင် လေးသွားသလို ဝိတ်ချလိုက်ရင်လည်း ပါဝါလျော့သွားတာပဲ။ အဲဒါကြောင့်မို့ အများစုက ကိုယ့်ဝိတ်တန်းမှာပဲ အာကျယ်ရဲတာ။ အတက်၊ အဆင်းလုပ်တာ Risk ယူရတယ်။ ဒါပေမယ့် Conor McGregor ကတော့ Featherweight မှ Welterweight တန်းကို ကူးသန်းနေတာ။ (၂၅) ပေါင်အထိကို အတင်အချလုပ်ရဲတာ၊ လူက ပူစီဖောင်းလိုပဲ ပိန်လိုက် ဖောင်းလိုက်နဲ့။ ရှုံးမှာကို မကြောက်တဲ့ စိတ်ဓာတ်ကိုက လေးစားစရာ ကောင်းတာ။ စိန်ခေါ်ရင် တိမ်ပေါ်ထိတက်မယ့် ယောက်ျားဘသား ဘာမထီဇာနည်ဘွားဆိုတာ သူပဲ။ ရှုံးမှာကြောက်လို့ ပြိုင်ဘက်ကို ရှောင်ပြေးတာ သူ့ရာဇဝင်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ စာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီဆိုတည်းက သူ့ဘက်က သေချာပြီပဲ။

image