8 ပတ် - ဘာသာပြန်ပါ။

❛ လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။
ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။
မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက်
လေးခွက်နဲ့ ကုစားခဲ့တယ်။
ကျော်ခဲ့တယ်။ ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။
အပြစ်ကင်းတဲ့ လက်ဖက်ရည်
တစ်ခွက် တစ်ခွက် ငါတို့ စွဲခဲ့ကြတယ်။
ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့
လက်ကောက်ဝတ်မှာ
I Love Tea ဆေးမင်ကြောင် ထိုးထားတယ် ။
▪️အောင်ချိမ့် / အသည်းစွဲကဗျာဆရာ ၁၁ / မှ

image