8 w - Translate

Android UI အသစ်က မြင်လိုက်တာနဲ့ ထင်းနေတော့မှာပါ
.
Google ကနေ မကြာခင် I/O Event မှာ Android Version အသစ်မမိတ်ဆက်ခင်မှာ Android 16 လို Version အသစ်တွေမှာ ပြောင်းသုံးသွားမယ့် Material 3 Expressive ရဲ့ ဒီဇိုင်းပုံစံတွေက အရင် ပေါက်ကြားလာခဲ့ပါပြီ။​
ဒီ Material 3 Expressive UI ဒီဇိုင်းပြောင်းလဲမှုက Google အတွက် တော်တော်လေးကို ကြီးမားတဲ့ဒီဇိုင်း အပြောင်းအလဲလို့ ပြောလို့ရတယ်။ Google ဘက်ကနေ လက်ရှိ "Clean" ဖြစ်ပြီး "Boring" ဖြစ်တဲ့ပုံစံကနေ လူတွေနဲ့ စိတ်ပိုင်းဆိုင်ရာပိုင်းမှာပါ ချိတ်ဆက်နိုင်တဲ့ "Emotional" ပိုပေးနိုင်တဲ့ ဒီဇိုင်းဘက်ကို ပြောင်းလဲမှာဖြစ်ပြီး ဒါကြောင့် "M3 Expressive" (သို့) "Expressive Design" ဆိုပြီး ခေါ်ဆိုထားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆိုတော့ ဒီ Material 3 Expressive ရဲ့ UI Design ပြောင်းလဲမှုတွေက အဓိကအနေနဲ့ဆိုရင် အရောင်တွေက ပိုပြီး စိုတောက်လာမယ်၊ အဲ့အပြင် UI Element တွေက ရိုးရိုးရှင်းရှင်းမဟုတ်တော့ပဲ ပုံစံက ပိုပြီး ထင်းနေအောင် ပြောင်းလဲထားမှာပါ။ မြင်လိုက်တာနဲ့ အဓိကနှိပ်ရမယ့် Action Button တွေကို ထင်းနေအောင်လုပ်ဖို့က အဓိကဦးတည်ချက်တစ်ခုဖြစ်လာပါတယ်။
ဥပမာ - Email App မှာ စာရိုက်မယ်ဆိုရင်လည်း ယခင်လိုမျိုး ပုံမှန် Email ပို့တဲ့ Layout အစား Text Box ကို သီးသန့် Message ပုံစံမျိုးပြပေးတာမျိုး၊ Attachement - ဓါတ်ပုံ၊​ File တွေက "🧷" အစား Icon တွေခွဲပြီး ပြပေးတာမျိုး၊ Send Button က သေးသေးလေးမဟုတ်တော့ပဲ အကြီးပုံစံပြပေးတာမျိုးတွေ ပြောင်းလဲထားမှာပါ။ Google ဘက်က အခုလို ပြောင်းလဲလိုက်တာကြောင့် အသုံးပြုသူတွေအနေနဲ့ ဘယ်ခလုတ်ကို အဓိကနှိပ်ရမလဲဆိုတာကို မြင်ဖို့ပေးရတဲ့အချိန်က (၄) ဆ ပိုမြန်ဆန်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။​
ဒါက Material 3 Expressive UI Design အသစ်ရဲ့ အဓိကပြောင်းလဲမှုဖြစ်လာမှာဖြစ်ပြီး နေရာတော်တော်များများမှာ ခလုတ်တွေက Consistent ဖြစ်မယ့်အစား အရေးကြီးတဲ့အပေါ်မှုတည်ပြီး အရွယ်အစားကို ပြောင်းလဲထားမှာဖြစ်သလို အရောင်တွေကလည်း ပိုပြီး စိုတောက်လာမှာပါ။ Alarm မှာဆိုရင်လည်း နာရီကို ပုံမှန်အတိုင်း Font Size အတူတူမဟုတ်ပဲ အချိန်နာရီကို မိနစ်ထက် ပိုကြီးပြီး ပြတာမျိုးတွေဖြစ်လာမယ်။
ဘာပဲဖြစ်ဖြစ် Google ဘက်က Materia 3 UI Design အသစ်ကို I/O Event မှာ တရားဝင်ကြေညာတော့မှာပါ။ ဒါပေမယ့် Google ဘက်က အသစ်ထုတ်ပေမယ့် Pixel ဖုန်းတွေပဲ သုံးပြီး တခြား Android ဖုန်းတွေက iOS 19 ပုံစံအတိုင်း လိုက်ကူးချနေရင်တော့ မသိဘူးပေါ့ 🫠

image