ပိုလှ ပိုသေးသွားတဲ့ Microsoft Surface Pro 12 နဲ့ Surface Laptop 13
.
မနေ့ညတုန်းက Microsoft ကနေ Surface Device အသစ်တွေ - Surface Pro 12 နဲ့ Surface Laptop 13 တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Surface အသစ်တွေက လုံးဝ ပုံစံပြောင်းသွားတာမျိုးမဟုတ်ပေမယ့် အရင်နဲ့ယှဥ်ရင် သိသိသာသာကွဲထွက်လာပါပြီ။
အရင်ဆုံး Surface Pro 12 က အရှေ့တုန်းက Surface Pro တွေလိုမျိုး 2-in-1 Tablet ပဲ။ ဒါပေမယ့် Screen Size ပိုသေးတဲ့ 12-inch LCD Display ကို သုံးထားတယ်၊ Resolution အရ 2196 x 1464 Pixels ရှိပြီး Refresh Rate ကလည်း 90Hz ပဲဖြစ်သွားမယ် - ဒါက Size ပိုကြီးတဲ့ Surface Pro တွေလိုမျိုး OLED Display တွေ၊ 120Hz ရနေတာကနေ Downgrade တောင် ဖြစ်သွားသေးတယ်။
ပြီးတော့ နောက်ထပ် Downgrade ဖြစ်တာက Front Selfie Camera ကလည်း ပုံမှန် 1080p Camera ပဲဖြစ်သွားမယ်၊ အနောက် Back Camera ကတော့ 10MP Camera ကိုမှ နေရာကလည်း ထောင့်ရောက်သွားပြီး Portrait ပုံတွေရိုက်ရင် ပိုအဆင်ပြေသွားပြီ။
အဲ့အပြင် Surface Pro 12 က နောက်ဖက် Hinge Design ကလည်း ပုံစံနည်းနည်းကွဲသွားတယ် - အရင် Surface Signature Feature တွေဖြစ်တဲ့ MicroSD Card ထည့်ရတာမျိုး၊ SSD ကို အလွယ်လဲလို့ရတဲ့ SSD Cover တွေလည်း မပါတော့ဘူး။ ပိုပြီး Signature Feature ကို ပျောက်သွားတာက အားသွင်း၊ Dock နဲ့ချိတ်ရတဲ့ Surface Connector က ဒီ Surface Pro 12 မှာ လုံးဝဖြုတ်ချလိုက်ပြီ - Port ဆိုလို့ USB-C Port ၂ ခုပဲ ပါတော့မယ်။
ကျန်တဲ့ပြောင်းလဲမှုတွေက ဒီဇိုင်းက ဘောင်လေးဖက်က လုံးလုံးလေးဖြစ်သွားမယ်၊ Display Bezel ဘောင်တွေ Symmertical ဖြစ်လာတယ်၊ Surface Pen ကို Samsung Tablet တွေလို အနောက်မှာ သံလိုက်နဲ့ ကပ်ရတာဖြစ်သွားပြီ၊ Type Cover ကလည်း အခုပုံစံပြောင်းသွားပြီး Type Cover လို့တောင်မခေါ်တော့ပဲ Detachable Keyboard ဆိုပဲ။
Surface Laptop 13 ကလည်း Pro လိုမျိုးပဲ Size နည်းနည်းပိုသေးတဲ့ 13-inch FHD LCD Display ဖြစ်သွားမယ်၊ Refresh Rate က 60Hz ပဲ။ Webcam ကလည်း 1080p Webcam ပဲဖြစ်မယ်။
ဒီဇိုင်းပိုင်းကတော့ Surface Pro 12 လောက်တောင် ပြောင်းလဲတာမျိုးမရှိဘူး၊ Aluminum Chassis ၊ 1.22Kg နဲ့ USB-A Port ၁ ခု၊ USB-C Port ၂ ခုပါမယ်။
အခု Surface Pro 12 နဲ့ Surface Laptop 13 ၂ ခုစလုံးမှာ ထူးခြားချက်က Processor ပိုင်းကို Qualcomm ရဲ့ Snapdragon X Plus (8-Core) Processor ကိုပဲ သုံးထားတာပါ။ Surface Pro 12 မှာဆိုရင် Fan-less ဖြစ်သွားတော့ အရင် Surface Pro လိုမျိုး အပေါ်မှာ အပူလေတွေထုတ်တဲ့ Vent တွေလည်း မပါတော့ဘူး။ တခြားကတော့ RAM 16GB LPDDR5x RAM ကို သုံးထားမယ်၊ 256GB Storage ကနေစပြီး 512GB Option ကို တက်ရွေးလို့ရမယ်။
စျေးနှုန်းတွေအနေနဲ့ဆိုရင် Surface Pro 12 ရဲ့ စျေးက $799 ပဲရှိမယ် - ဒါပေမယ့် Keyboard Cover မပါတော့ ထပ်ဝယ်ရင် နောက်ထပ် $149 ပေါင်းရမယ်။ တစ်ဖက်မှာ Surface Laptop 13 ကြတော့ $899 ကနေ စဝယ်လို့ရမယ်။ Base Model ဆိုတော့ 256GB Storage ပဲ။
အရောင်တွေကလည်း Ocean | Platinum နဲ့ Violet ဆိုပြီး ၃ ရောင်ရွေးလို့ရမယ်။ အခုပုံတွေက Violet အရောင်ကတော့ မတရားလှချက်ပဲ -
M4 MacBook Air နဲ့ယှဥ်ရင်တော့ MacBook Air က $999 နဲ့ ပိုဝယ်သင့်ပေမယ့် အခု Surface Product အသစ်တွေက Violet အရောင်နဲ့တင် Surface Pro 12 လေး ပြန်ဝယ်သုံးချင်စိတ်ပေါက်တယ် 🫠
