“မက်ဆီ နဲ့ ကျွန်တော် အမေရိကန်က စားသောက်ဆိုင်းတစ်ခုမှာ ဆုံခဲ့ဖူးတယ်။ သူက ကျွန်တော့်ကို တင်းနစ်နဲ့ပတ်သက်သမျှ အကုန်ကိုမေးတာပဲ။
ကျွန်တော်က မက်ဆီရေ ငါဘာမှမပြောနိုင်ဘူး၊ မမေးနဲ့၊ မင်းက ဘောလုံးကမ္ဘာမှာဘုရင်ဖြစ်ပြီးသား။ အခု တန်းနစ်ကို မင်းကလွှမ်းမိုးချင်တာလား။ မရဘူးနော်...ဘောလုံးပဲကန်ပါ၊ ငါအနားယူမှ မင်း တင်းနစ်ကိုဆော့ပါလို့ စခဲ့သေးတယ်။
သူကရယ်တယ်ဗျ၊ ဘောလုံးကခြေထောက်နဲ့ ကစားရတာ၊ လက်နဲ့ကစားရတာမဟုတ်လို့ သူကံကောင်း နေတာပါဆိုပြီး ပြောတယ်။ အမှန်က သူတင်းနစ်သမားမဖြစ်တာ ကျွန်တော်ကံကောင်းတာပါ။ ဒီလိုသာ မဟုတ်ရင် ကျွန်တော်ဖြင့် ဘာဆုမှကိုရမှာ မဟုတ်ဘူးဗျာ။
မက်ဆီက ထာဝရအကောင်းဆုံးဘောလုံးသမားပါ။ သူကစားတာကို ကြည့်ရတာ ကျွန်တော်တော့ တကယ်ပျော်ရွှင်ရတယ်။”
-ဂျိုကိုဗစ်
