8 w - Translate

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၃ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ထုတ်ရောင်းပေးမည် +++++
စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေတွေ ထပ်မံထုတ်ရောင်းပေးမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မေလ ၆ ရက်နေ့မှာ ကြေညာပါတယ်။ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ အမေရိကန်ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၂၀၀ ရောင်းချပေးမှာဖြစ်ပြီး ရည်ညွှန်းငွေလဲနှုန်းကိုတော့ သီးခြားဖော်ပြထားတာမျိုး မရှိပါဘူး။ ဗဟိုဘဏ်အနေနဲ့ မေလ ၆ ရက်နေ့၊ FX Trading Platform မှာတော့ ကန်ဒေါ်လာငွေလဲနှုန်းအဖြစ် ၃၆၀၂ ကျပ်နဲ့ ထိုင်းဘတ်ငွေကို ၁၃၀.၅ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ကြပါတယ်။

image