8 ပတ် - ဘာသာပြန်ပါ။

ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ💚
_______________

မင်းရဲ့ ဒဏ်ရာတွေကို
မင်းကိုယ်တိုင် မကုချင်မှတော့
မင်းဘယ်လို ပျော်ရွှင်အောင်နေထိုင်မှာလဲ

မင်းရဲ့ရှင်သန်ခြင်းတွေကို
မင်းကိုယ်တိုင် ဂရုမစိုက်ချင်မှာတော့
မင်းဘယ်လို ပျော်ရွှင်နိုင်မှာလဲ

ဘဝမှာ တစ်စုံတစ်ယောက်ကို မှီပြီး
ပျော်ရွှင်မှုတွေပြည့်စုံရမယ်လို့
ထင်နေရင်တော့
သေချာပါတယ် မင်းမှားနေပြီ

တကယ်တော့ လူတစ်ယောက်မှာ
ကိုယ်ပျော်ရွှင်ဖို့မျှော်လင့်ထားတဲ့
လူတေဆီကပဲ
နာကျင်မှုတွေရတာ များပါတယ်

ကိုယ်ပျော်ရွှင်ဖို့ ယုံကြည်ထားတဲ့
လူတွေကပဲ အနာတရတွေပေးတာ
များပါတယ်

မင်းကတော့ လူတိုင်းကို
စိတ်လိုလက်ရ ရင်းနှီးပြလိုက်တာပဲ
ဒါပေမဲ့
တချို့တွေက
မင်းအပေါ် လိုတုန်းခဏပဲ ချိုမှာ
မလိုတော့တဲ့အခါ ဒီသံယောဇဥ်တွေ
မင်းကိုဘယ်သူက ပိုမှာလဲ

ဒါကြောင့်
အတတ်နိုင်ဆုံး ပျော်ပျော်နေပါ
မင်းလိုအပ်တာ တစ်စုံတစ်ယောက်မဖြစ်ပါစေနဲ့

မင်းမှာ နာကျည်းဖို့အတွက်
ဒဏ်ရာတွေလည်း လုံလောက်နေပြီပဲ
ကျောခိုင်းသင့်တဲ့အရာတွေကို ကျောခိုင်းပစ်လိုက်ပါ

မဟုတ်ရင်
မင်းပဲ ပင်ပန်းနေရဦးမှာ

ပြောင်းလဲလွယ်တဲ့
အရာတွေကို
မင်းထပ်မျှော်လင့်နေရင်
မင်းပဲ ထပ်ပြီးနာကျင်နေရဦးမှာလေ

စိတ်ရှိတိုင်း ရင်းနှီးပြဖို့ဆိုတာ
လူတိုင်းနဲ့မတန်ပါဘူး
ဒီတော့
ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်အောင်ပဲကြိုးစားပါ

အကျိုးလိုလို့ ညောင်ရေလောင်းတဲ့
ချစ်သူ
သူငယ်ချင်း
အပေါင်းအသင်း
မိတ်ဆွေတွေ ထပ်ပြီးမလိုချင်ပါနဲ့ ။

image