ပိုက်ဆံရှာပါ။
ပိုက်ဆံရှိမှ ဖြစ်တော့မယ်လိုတွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို လက်မှတ်စဝယ်တာနဲ့တူပါတယ်။
လောကမှာပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်…။မိသားစုထဲမှာကြည့်ပါ။ပိုက်ဆံရှာနိုင်တဲ့သူကပိုအရေးပါအရာရောက်ပါတယ်…။အပေါင်းအသင်းတွေကြားထဲကြည့်ပါ။ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်..။လူမှုအဖွဲအစည်းတစ်ခုခုကိုကြည့်ပါ။ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်…။
ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ…။
ဘယ်နည်းနဲ့ကြည့်ကြည့်သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်..။
သင်ပိုက်ဆံရှိမှသင်ချစ်တဲ့သူတွေအတွက်သင်လုပ်ချင်တဲ့အရာတွေအတွက်သင်ပြောချင်တဲ့စကားတွေအတွက်သင်လိုချင်တဲ့အရာတွေအတွက်အားလုံးမဟုတ်ရင်တောင်တော်တော်များများလုပ်လိုရမှာပါ…။
#ခငမင်မှုကပိုအရေးကြီးတယ်”ဟုတ်ကဲ့ လူတော်တော်များများကတော့ ငွေရှိရင် ပိုခင်ကြပါတယ်…။
“#ရးသားမှုကပိုအရေးကြီးတယ်”
ဟုတ်ကဲ့ လူအများစုကတော့ မရိုးသားရင်တောင်ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး…။”
#ပညာကပိုအရေးကြီးတယ်”ဟုတ်ကဲ့ ငွေရှိမှပညာသင်လိုရတဲ့ခေတ်မှာပညာရွှေအိုးက ငွေရှိမှဝယ်လိုရတာပါ…။
#ကယ်ကျင့်တရားကအရေးအကြီးဆုံး”ဟုတ်ကဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင် အမှန်တရားကရောက်လာဖိုခြေလှမ်းသိပ်နှေးလွန်းပါတယ်…။
#အချစ်ကအရေးကြီးတယ်”ဟုတ်ကဲ့ ရယ်စရာအကောင်းဆုံးပြက်လုံးပါ။
လူအားလုံးလိုလိုကေတာ့..ငွေမရှိရင် ရုပ်ဆိုးတယ်လိုမြင်တယ်ငွေမရှိရင် နံတယ်လိုထင်တယ်ငွေမရှိရင် ပိုင်းလုံးလိုမြင်တယ်ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး…။
ဒါပါဘဲဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေးငွေရှိမှ အရာအားလုံးလိုလိုအဆင်ပြေနိုင်ပါမယ်…။
တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ။တသိန်း ဆယ်ခါဆို ၁၀သိန်းပါ…ကျွန်တော်တို အများကြီးဖြုန်းခဲ့ပြီးပါပြီ…။
မလိုတာတွေဝယ်ခဲ့ဖူးတယ်..။မတန်တာတွေ စားခဲ့ဖူးတယ်။မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်..။မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်..။သဒါ မပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်..။အားနာပြီး ကုန်ခဲ့ကြဖူးတယ်..။
အချိန်တန်တော့ကျွန်တော်တိုဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး..။အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး..။
အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး..။အဝတ်နိုင်ဆုံးဆိုပြီးလည်းကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး..။
သူ့နေရာနဲ့သူ သုံးသင့်တဲ့နေရာသုံး မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲစနစ်တကျစုဆောင်းသွားတဲ့သူတွေ အလုပ်လုပ်သွားတဲ့သူတွေကသာသူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ..။ကျွန်တော်တိုဖြုန်းခဲ့တဲ့အတွက်ဘာရလိုက်သလဲ…?
ဒါ့ကြောင့်…ကျွန်တော်တို သိပ်နောက်မကျခင်ငွေစစုကြရအောင်လား…။ကဲ…. မိတ်ဆွေသင် ဖြုန်းမယ်ပြင်ထားတဲ့ငွေစက္ကူတွေကိုအိတ်ထဲပြန်ထည့်ထားလိုက်ပါ,,…။
