ခင်မင်မူဆိုတာ  
ဝေးလို့ရတယ် နီးလို့လည်းရတယ် 
တန်ဖိုးထားမှုပေါ်မှာပဲ တည်ပါတယ် 
မေတ္တာရှိတယ်ဆိုတာ 
နက်လို့ရတယ် တိမ်လို့လည်းရတယ် 
စစ်မစစ်ပေါ်မှာပဲ တည်ပါတယ်..... 
လူမူရေးဆိုတာ 
ရှုပ်ထွေးလို့ရတယ် လွယ်ကူလို့ရတယ် 
စိတ်ရှင်းမရှင်းအပေါ်ပဲ တည်ပါတယ်..... 
လူရယ်လို့ဖြစ်လာရင် 
သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား 
တန်ဖိုးသိတဲ့လူနဲ့တိုးဖို့တော့ လိုလိမ့်မယ် 
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် 
တန်ဖိုးထားတတ်တဲ့လူနဲ့ဆုံဖို့ အရေးကြီးပါတယ် 
ဆိုလိုတာက  
သင်ဘယ်လောက်ကောင်းအောင်လုပ်လုပ် 
လက်ညိုးထိုးတဲ့လူ ပြစ်တင်တဲ့လူ 
ကြက်ဥထဲမှာ အရိုးကို ရှာဖွေတဲ့လူရှိနေဦးမှာပါ 
အဲဒါကြောင့် 
လူတိုင်းကို ကျေနပ်နှစ်သက်အောင်  
ကြိုးစားစရာမလိုပါဘူး 
ဖြစ်လည်း မဖြစ်နိုင်ပါဘူး 
ဒါပေမဲ့ စိတ်ရှင်းဖို့တော့လိုတာပေါ့ 
လူဆိုတာ အလကားရတာ အကျင့်ပါသွားရင် 
ကျေးဇူးတင်ဖို့ မေ့သွားတတ်ပါတယ် 
လူ့သဘာ၀အရ 
ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပါ 
ကျမတို့ သင်ယူထားရမှာက အရေးမလုပ်ဖို့ပါပဲ... 
ချီးမွမ်းတုန်းက  
သွားအရေးလုပ်မိရင် 
ကဲ့ရဲ့တဲ့အခါ စိတ်ခံစားနိုင်စွမ်းကျသွားတတ်တယ် 
အဲဒီတော့  
အကောင်းပြောပြော အဆိုးပြောပြော 
အရေးမလုပ်ဖို့လိုတယ် 
ကိုယ့်စိတ်ကို နိုင်အောင် ထိန်းထားဖို့ လိုတယ်  
အဲဒါကြောင့် 
လုပ်သင့်တဲ့အလုပ်ကို  
အကောင်းဆုံးဖြစ်အောင် လုပ်မယ် 
လျှောက်သင့်တဲ့လမ်းကြောင်းကို  
ဖြောင့်ဖြူးအောင်လျှောက်မယ်  
စိတ်ကို  
ဖြူစင်အောင်  
အတတ်နိုင်ဆုံးကြိုးစားမယ် 
အရိုးရှင်းဆုံးဖြစ်အောင် ပြောဆိုနေထိုင်မယ် 
လမ်းမဖြောင့်ခဲ့ရင် ကွေ့ပတ်ပြီးလျှောက်မယ် 
စိတ်မဖြောင့်ခဲ့ရင်  
တစ်ဆင့်လျှော့ပြီး တွေးမယ် 
မေတ္တာနဲ့ဝေးခဲ့ရင်  လွတ်ချနိုင်ဖို့ ကြိုးစားမယ် 
အချို့ကိစ္စတွေဟာ  
နည်းနည်းတောင့်ခံလိုက်ရင် ကျော်သွားပါတယ် 
အချို့လူတွေကျတော့  
စိတ်နည်းနည်း မာလိုက်ရင် မေ့သွားပါတယ် 
အချို့ဒုက္ခတွေကိုတော့  
နည်းနည်း ပြုံးလိုက်ရင် သက်သာသွားတတ်ပါတယ် 
ဒီကနေ့  
ဘယ်လောက်ကြီးတဲ့ ကိစ္စဖြစ်နေပါစေ 
မနက်ဖန်ကျရင် ကိစ္စသေးသေးလေး  
ဖြစ်သွားနိုင်ပါတယ် 
ဒီတစ်နှစ်မှာ ဘယ်လောက်ကြီးလေးတဲ့  
ပြဿနာဖြစ်ဖြစ် လာမည့်နှစ်မှာ  
ရယ်စရာ ဖြစ်သွားနိုင်ပါတယ် 
ဒီဘ၀မှာ  
ဘယ်လောက်ကြီးလေးတဲ့  
ပြစ်ချက်ကြီးဖြစ်နေပါစေ နောင်ဘ၀မှာ  
ပုံပြင်အဖြစ်ပဲ ကျန်ခဲ့ပါတော့တယ် 
ကိစ္စတော်တော်များများမှာ  
ကျမတို့ အလေးထားတာ  
အလေးမထားတာနဲ့မဆိုင်ပါဘူး 
အလေးထားတော့လည်း ဘာမှမတတ်နိုင်လို့ပါ 
အဲဒီတော့ 
လစ်လျူရူ့တတ်တဲ့အကျင့်  
အလေးမထားတဲ့အကျင့် 
မွေးမြူထားဖို့ လိုပါလိမ့်မယ်။
 
         
 
		  
		 
		 
		 
		 
		 
                