20 ပတ် - ဘာသာပြန်ပါ။

ဒီနေ့မှ ဒီဇာတ်လမ်းတစ်ခန်းမရပ်ရင် ငါပဲ အမှတ်မရှိတာနေမှာ …
နာကျင်ရခြင်းတွေကို
ဝှက်ပြီး
ဖက်တွယ်ထားခဲ့မိတဲ့
ငါ့ဖက်ကို
ဘာလို့ နည်းနည်းလေးမှ
ပြန်မငဲ့ကြည့်ပေးရတာလဲလို့ မေးချင်တယ် …
မင်းလုပ်နေတဲ့အရာတွေ
မင်းရှုပ်နေတဲ့ခြေလှမ်းတွေ
အမှန်အတိုင်း ဝန်ခံရရင်
ငါ့မျက်စိရှေ့ပေါ်မလာစေချင်သလို
ငါကိုယ်တိုင်လည်း သိမနေချင်ဘူး
မင်းကို အပြစ်ကင်းနေသလိုမျိုးပဲ
သံသယကင်းကင်းနဲ့
ဆက်ပြီးပဲ ချစ်ချင်တယ် ။
အမှားတွေ
ခွင့်လွှတ်ပေးခဲ့တယ်ဆိုတာ
မစွန့်လွှတ်နိုင်နိုင်လို့ဆိုတဲ့တစ်ဖက်မှာ
နောက်တစ်ကြိမ်တော့
မမှားလောက်ပါဘူးဆိုတဲ့
မျှော်လင့်ချက်တွေလဲ ပါတယ်
ဒါပေမယ့်
ဘာလို့များ …
အမှားတစ်ခုကို
ထပ်တလဲလဲ ပြုမူပြီး
ထပ်ခါ ထပ်ခါ နာကျင်စေရတာလဲ မေးချင်တယ်
ဒီနေ့မှ
မင်းနဲ့ ငါ့ရဲ့ဇာတ်လမ်းတစ်ခန်းမရပ်ရင်
ငါပဲ အမှတ်မရှိတာ ဖြစ်မှာပါ …
နာကျင်ခြင်းတွေကို ခုန်မင်ပြီး
မျက်ရည်တွေနဲ့ အသားကျနေတာပဲ ဖြစ်မှာ …
#ကျေးကို