20 ပတ် - ဘာသာပြန်ပါ။

အဆောက်အဦး တည်ဆောက်ပေးနိုင်တဲ့ ဒရုန်းကို ဗြိတိန် ပညာရှင်တွေ တီထွင်
============================================
အလွန်မြင့်မားတဲ့ မိုးမျှော် အဆောက်အဦးတွေကို လူသားတွေ တည်ဆောက်ရတာ အလွန်ခက်ခဲပါတယ်။ အခုတော့ အဲဒီပြဿနာကို မိုးပေါ်ပျံသန်းနိုင်တဲ့ စက်ရုပ်တွေ၊ ဒရုန်းတွေက ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဗြိတိန်မှ Imperial College London နဲ့ ဘရစ်စတို တက္ကသိုလ်မှ သုတေသနပညာရှင်တွေက အဆောက်အဦး တည်ဆောက်ပေးနိုင်တဲ့ ဒရုန်းကို တီထွင်လိုက်ပါတယ်။ Aerial Additive Manufacturing (Aerial AM) လို့ ဒီနည်းပညာကို အမည်ပေးထားပြီး လူတွေ တက်ဖို့ခက်ခဲတဲ့ အဆောက်အဦးတွေကို ဒရုန်းလို ပျံသန်းနိုင်တဲ့ စက်ရုပ်တွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။
3D Printing နည်းပညာကို အသုံးပြုပြီး ဒရုန်းတွေက ပျံသန်းနေစဉ်မှာ အဆောက်အဦးကို တည်ဆောက်နိုင်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ EMPA DroneHub မှာ ဒီနည်းပညာကို အစောပိုင်း စမ်းသပ်မှုတွေ ပြုလုပ်ထားပြီးပါပြီ။
ဒီနည်းပညာက အခြေခံ အဆောက်အဦးတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေကို ပြုပြင်ရာမှာလည်း အသုံးဝင်ပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ အဆောက်အဦးတွေကို လျှင်မြန်စွာ တည်ဆောက်ပေးနိုင်ပါတယ်။

image