20 ပတ် - ဘာသာပြန်ပါ။

လေလုံးထွားတဲ့ Elon Musk ကို ယုံစားမိလို့ ရေနစ်သွားတဲ့ Tesla Cybertruck
============================================
Elon Musk က Tesla Cybertruck မှာ အထူးဖန်တီးထားတဲ့ Wade Mode ကို ထည့်သွင်းပေးထားပြီး မြစ်၊ ရေကန်ကို ဖြတ်ကူးနိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။ Wade Mode ဟာ ရေကို ဖြတ်ကူးဖို့ ကားကို မြှင့်တင်ပေးပြီး ဘက်ထရီကို ကာကွယ်ပေးပါတယ်။ အချိန် အနည်းငယ်လောက်အတွင်းမှာ ရေပေါ်မှာ ပေါလောပေါ် နိုင်တယ်လို့ ကြေညာထားပါတယ်။
အခုတော့ ကယ်လီဖိုးနီးယား၊ Truckee မှ Cybertruck ပိုင်ရှင် တစ်ယောက်ဟာ လေလုံးထွားတဲ့ Elon Musk ကို ယုံစားမိလို့ ကား ရေနစ်သွားပါတယ်။ ပိုင်ရှင်က မြစ်ကို ဖြတ်ကူးဖို့ Wade Mode ကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
အဲဒီကားကို ကယ်လီဖိုးနီးယား အဝေးပြေးလမ်း အာဏာပိုင်တွေက ဆယ်ယူပေးခဲ့ပြီး Wade Mode ဟာ ရေငုပ်သင်္ဘော Mode မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။
Tesla Cybertruck ဟာ ဒေါ်လာ ၁ သိန်းဝန်းကျင်ရှိပြီး တန်ဖိုးကြီးမားပါတယ်။ ပြင်ဆင်စားရိတ်လည်း ကြီးမြင့်ပါတယ်။ Tesla က Cybertruck မှာ Wade Mode ထည့်သွင်းပေးထားပေမယ့် အာမခံထဲမှာ ရေကြောင့် ပျက်ဆီးတာ မထည့်သွင်းထားတာကို သတိပြုရမှာပါ။

image