20 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မေလတွင် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့၌ ရက်ရှည်မိုးရွာနိုင်
လာမည့်မေလအတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့၌ ရက်ရှည်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုးရွာသွန်းမှုရက်များအနေဖြင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရက်ပေါင်း ၁၅ ရက်မှ ၂၁ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရက်ပေါင်းရှစ်ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
အနောက်တောင်မုတ်သုံလေသည် မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ သို့လည်းကောင်း၊ မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ ၂၆ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း အသီးသီး၀င်ရောက် နိုင်ကြောင်းသိရသည်။
ထို့ပြင်ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်းနှစ်ကြိမ်ဖြစ်ပေါ် နိုင်ပြီး၊ တစ်ကြိမ်တွင်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလကခန့်မှန်းချက်ထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း