12 w - Translate

❛ ကံဆိုတာ ဝယ်လို့ရမယ်ဆိုရင်
ရောင်းတဲ့နေရာမှာ
နည်းနည်းပါးပါးလောက်
ငါဝယ်စမ်းချင်ပါဘိတယ်။ အင်း . . .
ဝယ်လို့ရမယ်ဆိုရင်တောင်
ငါ့မှာဘာနဲ့ ဝယ်မတုံး။
ပျောက်သွားတဲ့မှိန်းတို့၊
ကျိုးပဲ့သွားတဲ့ဓားတို့၊
ပေါက်ပြဲနေတဲ့လက်တို့နဲ့
ငါက ဝယ်လို့ ရမှာတဲ့လား” ဟု
သူ့ကိုယ်သူပြောနေသည်။
အေးလေ . . . ဒါတွေနဲ့
ဝယ်လို့ ရချင်လည်းရမှာပေါ့၊
ရှစ်ဆယ့်လေးရက်လုံးလုံး
ပင်လယ်ထဲမှာနေပြီး
ကံနဲ့နီးစပ်ဖို့ ငါကြိုးစားခဲ့တာပဲ "

image