ကျွန်တော်တို့ အမေက မီးကို ကြောက်တယ်။
မီးလောင်လို့ တချို့မြို့တွေ အကုန်
ပြာကျသွားတာကို သူကြားဖူးတယ်။
မီးမှာ စိတ်ကူးယဉ်သူတစ်ယောက်ရဲ့
မျက်နှာမျိုး ရှိတယ်လို့လည်း သူထင်တယ်။
မီးဟာ နူးလည်း နူးညံ့တယ်၊
ခက်လည်း ခက်ထန်တယ် လို့ သူပြောတယ်။
မနက်တိုင်း ဘုရားစင်မှာ အဝါရောင်ပန်းတွေကို
သူဆက်ကပ်တယ်။ မီးဘေးကင်းအောင်လို့ တဲ့။ ဗုဒ္ဓဘာသာဝင်တွေကို ကွန်မြူနစ် အစိုးရက
ကွပ်မျက်နေတာ ကို မကြည့်စိမ့်တော့လို့
ကိုယ့်ကိုယ်ကိုယ် မီးလောင်တိုက်သွင်းခဲ့တဲ့
ဗီယက်နမ်ဘုန်းကြီး အကြောင်းကို
ကျွန်တော့်ရဲ့ အဖေက ပြောပြတော့
အမေရဲ့ ပါးပြင်မှာ မျက်ရည်တွေ ရွှဲနေ တယ်။
အဲဒီမျက်ရည်တွေဟာ နေရောင်အောက်က
ဆားပွင့်တွေလို တောက်လက်နေ တယ်။
_ _ _ _ _ _ _ _ _ _
- - မောင်ဒေး - -
❝ မီးကိုပြုလုပ်ခြင်း ❞
