ဖင်ပြောင်ကြီးများအား တိုက်ခိုက်ခြင်း ရဲ့ ဖန်တီးရှင် ဖြစ်သူ Hajime Isayama ဟာ သူ့အကြိုက်ဆုံး Show တွေက Game Of Thrones နဲ့ Breaking Bad ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ် ။
ဒါကြောင့် ဆရာကြီး Isayama ဟာ Game Of Thrones နဲ့ Breaking Bad က Characters တွေ ရဲ့ ရုပ်တွေကို Cameo ပါရင်ပါ သို့မဟုတ် Inspire ယူလေ့ရှိပါတယ်။ အထင်ရှားဆုံး အနေနဲ့ Attack On Titan မှ Falco ဟာ Breaking Bad ထဲမှ Jesse Pinkman နဲ့ Gabi ကိုတော့ Game Of Thrones ထဲမှ Arya Stark တို့ထံမှ မှီငြမ်း ထားတယ်လို့ Isayama ကိုယ်တိုင်ထုတ်ဖော်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် Saul Goodman , Tyrion Lannister စတဲ့ Characters တွေအပြင် Game Of Thrones နဲ့ Breaking Bad မှ Characters တွေရဲ့ မျက်နာတော်တော်များများကို Titans တွေအဖြစ် ပုံဖော်ထားခဲ့ပါတယ်။
ဒါ့အပြင် Audience တွေရဲ့ စကားအရ အေးလွင်ရဲဂါ နဲ့ နဂါးမေမေ တို့ရဲ့ စိတ်နေစိတ်ထားဟာ တူညီတယ်လို့လဲပြောကြပါတယ်။

image