5 နာရီ - ဘာသာပြန်ပါ။

အလဲထိုးဘုရင် - Gervonta Davis
အလုံးအထည်ကြီးတဲ့ Mario Barrios နဲ့ ကစားရမယ်ဆိုတော့ Gervonta Davis ကို စိတ်ပူမိသေးတယ်။ Light Welterweight (၁၄၀ ပေါင်) တန်းမှာ တက်ဝိတ်နဲ့ ထိုးတာလေ။ အထူးသဖြင့် Reach ကွာခြားချက်ပေါ့။ ဒါပေမဲ့ Gervonta Davis က လုပ်ပြနိုင်တယ်။
Gervonta Davis ဟာ ရှုံးပွဲမရှိ ချန်ပီယံ Mario Barrios ကို (၁၁) ချီမှာ အလဲထိုးပြီး WBA (Regular) Light Welterweight Champion ဖြစ်လာပါတယ်။ အရင်ရထားတဲ့ WBA (Regular) Lightweight Champion ၊ WBA (Super) Super Featherweight Champion ဘွဲ့တွေနဲ့ ပေါင်းလိုက်ရင် ဝိတ်တန်း (၃) ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်လာပြီ။
Gervonta Davis ရဲ့ ကြေးစား (၂၅) ပွဲမှာ (၂၄) ပွဲကို အလဲထိုးနိုင်ထားတယ်။ ရှုံးပွဲမရှိသေးတဲ့ KO Artist ပါပဲ။ KO to Win Ratio က 96% တဲ့။ Mini Mike Tyson လို့ တင်စားရင် လွန်မယ်မထင်ဘူး။

image