3 hrs - Translate

ကစားသမားရဲ့ ကိုယ်ပိုင်ဟန်
ကစားသမားတွေက သာနေရင် အစိမ်းလိုက်ဝါးစားမယ့် အတိုင်းပဲ။ နည်းနည်းထိသွားလိုက် ပုံမှန်ကစားဟန်ပျောက်ပြီး မျက်နှာငယ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူး။ မျက်နှာကြည့်တာနဲ့ ရှုံးမယ်မှန်းသိသာတယ်။
ဒီအချက်မှာ Conor McGregor ကို ချီးကျူးရမယ်။ Self Confidence ကောင်းတယ်။ ဘယ်လောက်နာနာ ကိုယ်ပိုင်ဟန်မပျောက်ဘူး။ မျက်နှာငယ်မသွားဘူး။ ထီမထင်ဟန်က အရင်အတိုင်းပဲ။
ပထမအချီမှာ Chad Mendes က ဝင်လုံးပြီး ထုထောင်းလို့ Conor McGregor က ညာမျက်ခွံကွဲတယ်။ ကြမ်းပြင်ပေါ်မှာ Big Shot တွေထိတာမနည်းဘူး။ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ လူပဲ၊ မနာဘဲ နေမလား။
ဒုတိယချီအစမှာ Conor McGregor က Chad Mendes ကို လက်ယပ်ခေါ်တယ်။ သွားဖြဲပြတာက ကြောက်စရာ။ Khabib Nurmagomedov နဲ့တုန်းကလည်း Conor McGregor အထိနာတယ်။ ကြမ်းပြင်ပေါ်မှာ အထုအထောင်းခံရတာ မနည်းဘူး။ ဒါပေမယ့် ကိုယ်ပိုင်ဟန်မပျောက်ဘူး။ ဒါကြောင့်မို့လို့လည်း ရှုံးရှုံး၊ နိုင်နိုင် Conor McGregor က ထိုးကြေးအမြင့်ဆုံးဖြစ်နေတာပါ။

image