3 နာရီ - ဘာသာပြန်ပါ။

လက်ရှိကျင်းပနေတဲ့ 2025 Shanghai Motor Show မှာ Mercedes ဘက်ကနေ Vision V ဆိုတဲ့ Minivan တစ်စီးကို ချပြလာခဲ့ပါတယ်။ လျှပ်တစ်ပြက်အဝေးကကြည့်လိုက်ရင် သွားဖြဲပြီး ပြုံးပြနေတဲ့ Emoji တစ်ခုနဲ့ အတော်လေးဆင်တဲ့ ဒီကားကတော့ လက်ရှိအနေအထားမှာ Concept/Prototype အဆင့်သာရှိပါသေးတယ်။ Mercedes ဘက်ကတော့ Powertrain နဲ့ပတ်သက်ပြီးလည်း ဘာမှစကားဆိုထားခြင်းမရှိပေမယ့် VAN.ES Electric Platform ပေါ်မှာ တည်ဆောက်ထားတယ်လို့သိရတဲ့အတွက် သေချာတာတစ်ခုကတော့ 2026 ကျ Production ဗားရှင်းထွက်လာတဲ့အခါ all-electric Luxury Van တစ်စီးအဖြစ် ပွဲထွက်လာပါလိမ့်မယ်။
မိတ်ဆွေတော့မသိပေမယ့် ကျွန်တော့်အမြင်မှာတော့ Vision V က VIP lounge တစ်ခုလိုလို၊ ရွေ့လျား Luxury Office တစ်ခုလိုလို သို့မဟုတ် ပုံထဲမှာရေးထားတဲ့အတိုင်း ကားပါတဲ့ ရုပ်ရှင်ရုံလား? ရုပ်ရှင်ရုံပါတဲ့ ကားလား? ကို မသဲကွဲပါဘူး။ ဘာ့ကြောင့်လဲဆိုတာ ဆက်ပြောပြဖို့ Mercedes အခေါ် "Portal" door ကနေတစ်ဆင့် အတွင်းခန်းထဲကို ခဏလောက်လိုက်ခဲ့ပါ။
ဆိုတော့ မိတ်ဆွေရဲ့ရှေ့တည့်တည့်မှာ မြင်နေရတာက 65" အရွယ်အစားရှိ 4K resolution အထိရတဲ့ Cinema Screen တစ်ခုပါ။ 7 Series ရဲ့ 31" Screen ကို အားမရဘူးဆိုသူတွေအတွက်တော့ အကိုက်ပေါ့။ :3 ဆက်ရရင် ဒီ Screen ကို Paired လုပ်ပေးထားတာကတော့ ထုံးစံအတိုင်း Burmester Sound System နဲ့ပါ။ ထုံးစံအတိုင်းမဟုတ်တာက ဒီကောင့်မှာ စပီကာ (၄၂) အထိကို ပါတာပါပဲ။ နောက်ပြီး Dolby Atmos ပါ support ပေးမယ်ပေါ့လေ။ ဒါကတော့ ခုနောက်ပိုင်းမှာ အတော်လေးမြင်တွေ့လာရပြီဆိုတော့ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ သို့ပေမယ့် မပါတာထက်စာရင် ပါတာတော့အကောင်းဆုံးပါပဲ။ ဒီ Screen နဲ့ Driver နဲ့အကြားမှာတော့ Mercedes အပေါ် "Intelligent Glass" နဲ့ Partition လုပ်ပေးထားပါတယ်။ အကယ်၍ ကောင်မလေးနဲ့အတူတူစီးနေတုန်း အနမ်းပေးတာတွေဘာတွေဆိုရင် Driver က နောက်ကြည့်မှန်ကနေ လှမ်းချောင်းနေမလားဆိုပြီး မပူရတော့ဘူးပေါ့လေ။ သို့ပေမယ့်လည်း ခင်ဗျားတို့က ရည်းစားမရှိတဲ့သူတွေဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာအကြောင်း တစ်စုံတစ်ရာရှိမယ်မထင်ပါဘူး။ XD:
အဆုံးသတ်ရရင် ကျွန်တော့်အမြင်မှာတော့ Vision V က Alphard တို့ Lexus LM တို့လို မိသားစုသုံးအတွက်ပိုအဆင်ပြေတဲ့ Minivan တစ်စီးဆိုတာမျိုးထက် စီးပွာရေးလုပ်ငန်းရှင် Tech Billionaire တွေ Celebrities တွေအတွက် ပိုသင့်တော်မလားပေါ့။ S-Class တို့ 7 Series တို့ရှိပေမယ့် Vision V မှာကျ ကားပေါ်မှာတင် အလုပ်အတွက် Video Call နဲ့ Meeting လုပ်လို့ရမယ့် Mobile Boardroom အဖြစ်သုံးအုံးမလား၊ အလုပ်ကအပြန် Netflix လေးကြည့် Champagne လေးသောက်ရင်း Chill အုံးမလား၊ Racing game တွေ plug-in ထိုးပြီး Gaming Escape တစ်ခု ဖန်တီးအုံးမလား၊ ဒါမှမဟုတ် Private Jet နဲ့ ခရီးကပြန်လာတဲ့အခါ VIP shuttle လုပ်ပေးမယ့် Jet-to-Hotel Luxury Transfer အဖြစ်သုံးအုံးမလား၊ စသည်ဖြင့် ဒီကောင့်ကိုသုံးလို့ရမယ့် Possible ways တွေကတော့ အတော်လေးများပါတယ်။
သို့ပေမယ့်လည်း သေချာတာတစ်ခုကတော့ သာမန်လူတွေအတွက် ထီပေါက်မှသာဝယ်စီးနိုင်မယ့် ကားတစ်စီးတော့ ဖြစ်နေအုံးမှာပါပဲ။ လောလောဆယ်တော့ 2026 မှာ Production ကားအဖြစ် ပွဲထွက်လာတဲ့အခါ ဘယ်လိုရုပ်ထွက်ဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာ အချက်တစ်ချက်ပါပဲ။

image