3 နာရီ - ဘာသာပြန်ပါ။

Apple Intelligence ကြောင့် ကောင်းကျိုးဆိုရင် ဒီ RAM တိုးလာတာပဲရှိမယ် 🫠
.
Apple ကနေ လက်ရှိ iPhone 16 Series ဖုန်းတွေအကုန်လုံးမှာ RAM 8GB စီထည့်သွင်းပေးထားတာပါတယ်။ ဒါကလည်း အဓိကအနေနဲ့ Apple Intelligence ကို သုံးနိုင်ဖို့က RAM 8GB အနည်းဆုံးလိုအပ်တာကြောင့်ဖြစ်ပါတယ်။
အခုလည်း Apple ဟာ ယခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်မယ့် iPhone 17 Series ဖုန်းတွေအကုန်လုံးကို RAM 12GB ထည့်သွင်းပေးမယ်ဆိုပြီး သတင်းထွက်လာပြန်ပါပြီ။ အဆိုပါသတင်းကို Chinese Leaker တစ်ဦးကနေ အရင်ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေပါ အတည်ပြုပေးလိုက်တာပါ။
ဘာပဲဖြစ်ဖြစ် iPhone 17 Series မှာ RAM 12GB ဖြစ်လာလို့ တကယ်တမ်းသုံးတဲ့အချိန်မှာ သိသိသာသာပြောင်းလဲဖို့ကတော့ သိပ်မရှိပေမယ့် Apple Intelligence များ တကယ်လို့ သေချာသုံးနိုင်ရင် (ဒါမှမဟုတ်) Video Recording ပိုင်းတွေမှာ ပိုပြီးလုပ်နိုင်ဖို့အတွက် ပိုပြီး အသုံးချလာနိုင်ပါတယ်။
ဒီနှစ်တော့ Base Model iPhone 17 က 120Hz လည်းဖြစ်လာမယ်၊ RAM 12GB လည်းဖြစ်မယ်ဆိုရင် ဒီဇိုင်းမပြောင်းပေမယ့် $799 စျေးနဲ့သာ ဆက်ရောင်းနိုင်ရင် လူတိုင်းဝယ်ကိုင်မယ့်ဖုန်းဖြစ်လာဦးမလားပဲ 🫠

image