20 w - Translate

#ပြည်တွင်းသတင်း
◼ခြံအမှတ်(၅၄) နေအိမ်လေလံပွဲ စတုတ္တအကြိမ်ထပ်ပျက်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄) နေအိမ်အား စတုတ္တအကြိမ်လေလံတင်ရောင်းချရာ ဝယ်ယူမည့်သူမရှိခြင်းကြောင့် လေလံပွဲပျက်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။
လေလံကြမ်းခင်းစျေး ၂၇၀ ဘီလီယံအထိလျော့ချကာ လေလံတင်ခဲ့သော်လည်း လေလံဆွဲမည့်သူ မရှိခြင်းကြောင့် လေလံပွဲပျက်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
အဆိုပါ နေအိမ်ခြံအမှတ် (၅၄)ကို ပြီးခဲ့သည့်နှစ်မတ်လက ၃၁၅ ဘီလီယံဖြင့် ပထမတစ်ကြိမ်၊ ဩဂုတ်လတွင် ၃၀၀ ဘီလီယံဖြင့် ဒုတိယတစ်ကြိမ်၊ ယခုနှစ်ဖေဖော်ဝါရီလတွင် ၂၉၇ ဘီလီယံဖြင့် လေလံတင်ရောင်းချခဲ့သော်လည်း လေလံဆွဲမည့်သူမရှိခြင်းကြောင့် လေလံပွဲများပျက်ခဲ့သည်။
ခြံအမှတ် (၅၄) သည် ဒေါ်ခင်ကြည်အမည်ပေါက်ဖြစ်ပြီး နှစ်ဧကနီးပါးကျယ်ဝန်းကာ ဦးအောင်ဆန်းဦး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား အမွေဆိုင်ခွဲဝေမှုအငြင်းပွားနေသည်မှာ ၁၀ စုနှစ်နှစ်ခုကျော်ရှိပြီ ဖြစ်သည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - APO

image