1 d - Translate

လူတစ်ယောက်ကို ကိုယ်က မပေါင်းတော့ဘူး
ခပ်ကင်းကင်းနေလိုက်တယ်ဆိုတာကလေ
အဲ့ဒီလူနဲ့ ဘယ်လိုမှ
အဆင်မပြေတော့လို့ပါ
ကိုယ့်အတွက်
toxic ဖြစ်တယ်လို့ခံစားမိလို့....
ကိုယ်ကအေးဆေးနေချင်တယ်
ပျော်ပျော်ပဲနေတတ်တယ်
စပ်စုတာမကြိုက်ဘူး
သူများကိစ္စဝင်ပါတာမကြိုက်ဘူး
privacy ကိုထိပါးလာတာမျိုးမကြိုက်ဘူး
စကားတွေရှုပ်တာမျိုးမကြိုက်ဘူး
drama ခင်းတာမကြိုက်ဘူး
နေရာတကာသူတို့ပဲ အရေးပါချင်တာမျိုး
ဥပမာပြောရရင် ဇာတ်ကားတွေထဲကလို
Main character ဖြစ်ချင်တာမျိုး
တချို့တွေက
သူတို့ကိုယ်တိုင်ကျ
တဖက်သားအပေါ် ဘာလုပ်လိုက်လဲဆိုတာမျိုး ဘယ်တော့မှမတွေးကြဘူး
ကိုယ်ကပဲ
သူတို့ကိုမနာလိုလို့
မခေါ်ဘူးထင်နေတတ်ကြတယ်
ကိုယ့်အနေနဲ့
လူတဦးတယောက်ကိုခင်မင်မိပြီဆိုရင်လည်း
သာရေး နာရေး ကိစ္စအဝဝကို
မိသားစုလိုမျိုး
နွေးနွေးထွေးထွေးဆက်ဆံပါတယ်
ဒါပေမယ့် ...
ကိုယ်မကြိုက်တဲ့အရာတွေလုပ်လာပြီဆိုရင်တော့
ဘယ်လိုရင်းနှီးမှုပဲဖြစ်ဖြစ်
ဘယ်လိုခင်မင်မှုမျိုး
ဘယ်လိုပတ်သတ်မှုမျိုးပဲဖြစ်ဖြစ်
တိခနဲ ဖြတ်တောက်လိုက်နိုင်တဲ့ လူစားမျိုး
အဲ့ဒါကိုမှ..မနာလိုလို့တို့
ဘဝင်မြင့်နေတာတို့ဆိုပြီး ထင်မြဲထင်နေရင်တော့
အဲဒီလိုထင်နေတဲ့သူက ဥာဏ်ရည်
မဖွံဖြိုးနေတာလို့ပဲ ပြောချင်ပါတယ်။
ဒီလောက်ပါပဲ.....

image