1 d - Translate

iPhone 17 ထုတ်လုပ်ရေး စတင်ဖို့ အရေးကြီးအဆင့် ပြီးစီး
ပုံမှန်အတိုင်း iPhone သစ်တွေ စက်တင်ဘာမှာ မိတ်ဆက်ဖို့ များပါတယ်။
iPhone 17 မော်ဒယ်အတွက် EVT လို့ခေါ်တဲ့ ဖုန်း hardware စစ်ဆေးတဲ့ Engineering Validation Test ပြီးသွားလို့ပါ။ EVT ပြီးရင် ထုတ်လုပ်ရေး တန်းသွားလို့ မရသေးပါဘူး။ ဒီဇိုင်းပိုင်း စစ်ဆေးတဲ့ DVT ထုတ်လုပ်ရေးလုပ်ဖို့ အတည်ပြုချက် PVT စမ်းသပ်မှုတွေ ဖြတ်ကျော်ရဦးမှာပါ။
EVT ပြီးသွားပြီ ဖြစ်လို့ iPhone 17 prototype တွေတော့ ထွက်လာပြီလို့ ပြောနိုင်ပါတယ်။ ဒီကြားထဲ တချို့ specs လေးတွေတော့ ပြောင်းတာမျိုး ရှိနိုင်ပါတယ်။ Apple supply chain ဆန်းစစ်သူ မင်ချိကုအို ပြောသလိုဆို Apple က ဈေးအသက်သာဆုံး iPhone 17 မော်ဒယ်ကို RAM 8GB သုံးမလား 12GB မြှင့်မလား ချိန်ဆနေတယ်လို့ ပြောပါတယ်။
supply ပြဿနာမရှိရင် RAM 12GB သုံးလာနိုင်ပါတယ်။ ကျန်တဲ့ iPhone 17 Air , iPhone 17 Pro နဲ့ iPhone 17 Pro Max တွေမှာ RAM 12GB နဲ့ လာနိုင်ပါတယ်။ ၂၀၂၅ မော်ဒယ် iPhone တွေထဲမှာ အထူးခြားဆုံးက ၅.၆၆ မီလီမီတာပဲ ထူမယ်ဆိုတဲ့ iPhone 17 Air မော်ဒယ် ဖြစ်မှာပါ။
ဖုန်း dummy အရတော့ iPhone 17 Air က Google Pixel ဆန်ဆန် ကင်မရာbump နဲ့ လာပြီး ကျောဘက်ကင်မရာတစ်လုံးပဲ သုံးထားတာ တွေ့ရပါတယ်။ iPhone သစ်တွေ မိတ်ဆက်ဖို့ နောက်ထပ် ၄-၅ လ စောင့်ရဦးမှာ ဖြစ်လို့ rumors တွေတော့ ထပ်ကြားရဦးမှာပါ။

image