အခုလိုပူပြင်းတဲ့နွေရာသီရောက်လာပြီဆိုတော့ အချိုရည်အေးအေးလေးသောက်ရင်းအိမ်မှာနားနားနေနေ နေချင်ကြမှာပါပဲ။
Energy drink တွေပြုပြင်ထားတဲ့ အချိုရည်တွေက ကျန်းမာရေးအတွက် ထိခိုက်နိုင်ချေရှိပါတယ်။ဒါကြောင့်နွေရာသီမှာ ရာသီပေါ်သီးနှံတွေကိုသာဘယ်လိုဖျော်သောက်ကြမလဲ သူတို့တွေကဘာအကျိုးကျေးဇူးရနိုင်မလဲ ကြည့်လိုက်ကြရအောင်နော်။
၁။ သံပုရာရည် + ပျားရည် (Lemon Honey Juice) 🍋🍯
သံပုရာသီးဟာ ဗီတာမင် C ကြွယ်ဝပြီး ကိုယ်တွင်းအပူကို ကျစေပါတယ်။
✔️ ချွေးထွက်များတဲ့သူတွေ ကိုယ်တွင်းအပူတွေများတဲ့သူတွေက ဒီဖျော်ရည်လေးကို သောက်သုံးဖို့အကြံပြုပါတယ်။
၂။ ဖရဲသီးဖျော်ရည် (Watermelon Juice) 🍉
နွေရာသီမှာ အပူကြောင့်ခန္ဓာကိုယ်ကရေဓတ်တွေဆုံးရှုံးပါတယ်တဲ့
ဖရဲသီးမှာ ရေဓာတ် ၉၂% ပါဝင်တာကြောင့် ပူပြင်းတဲ့နေ့တွေမှာ အသင့်တော်ဆုံး ဖျော်ရည်ပါ။ဝယ်ရတာလဲမခက် ရာသီပေါ်သီးနှံလည်းဖြစ်တာကြောင့် သောက်သုံးသင့်ပါတယ်။
✔️ သူ့ရဲ့အကျိုးကျေးဇူးကတော့ ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို စိုပြေစေတယ်။
၃။ နာနတ်သီး + ပူစီနံဖျော်ရည် (Pineapple Mint Juice) 🍍🌿
စာရေးသူကတော့ နာနတ်သီးဖျော်ရည်ပဲသောက်ပါတယ်။ပူစီနံကတော့အနံမွှေးတာပေါ့နော်။နာနတ်သီးက အစာခြေမှုကိုကောင်းစေပြီး Vitamin C ပါဝင်ပါတယ် ပူစီနံအရွက်လေးကတော့ အေးမြမှုကိုရစေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ Mojito လိုမျိုးတစ်ခွက်ကိုရရှိစေမှာပါ။
✔️နောက်ပြီးတော့ သူက ခံတွင်းအနံ့ကိုကင်းစေပြီးတော့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။
၄။ မုန်လာဥနီ + လိမ္မော်ရည် (Carrot Orange Juice) 🥕🍊
ကိုယ်က အပေါ်ကဖျော်ရည်တွေမသောက်ချင်ဘူး ဗီတာမင်ဓာတ်ရတာလေးပဲသောက်ချင်တာဆိုရင်တော့
ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ဗီတာမင် C ပါတဲ့ လိမ္မော်သီးတို့ကို ရောဖျော်ပြီး သောက်နိုင်ပါတယ်။
✔️ ဗီတာမင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံအားကောင်းစေပြီး အပူဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။
ဧပြီလရဲ့ပူပြင်းမှုကို သဘာဝဖျော်ရည်တွေ နဲ့ အေးမြစေပြီး ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေမယ့်အပြင် အိမ်မှာလွယ်လွယ်ကူကူဖျော်နိုင်မယ့် ဖျော်ရည်လေးတွေပါ။ Gas ပါဝင်တဲ့ အချိုရည်တွေ /အရောင်ဆိုးထားတဲ့ဖျော်ရည်တွေထက် ကျန်းမာရေးကိုပိုအကျိုးပြုစေနိုင်လို့ဖျော်သောက်ဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
ပူတဲ့နွေရာသီမှာ အေးအေးဆေးဆေး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ! ❄️💛
