1 ရက် - ဘာသာပြန်ပါ။

ခုနောက်ပိုင်း ဂျပန်နဲ့ ဂျာမန်ကားထုတ်လုပ်သူတွေပါ တရုတ်ကားကုမ္ပဏီတွေနဲ့ပေါင်းပြီး China ရဲ့ EV ကစားကွင်းထဲကို တစ်စတစ်စ ဝင်လာကြပါတယ်။ ဒီထဲမှာ Honda ရဲ့ "Ye Series" လည်း အပါအဝင်ဗျ။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့တော်တော်များများက EV တွေအပါအဝင်၊ တရုတ်ကားဆိုရင်ကို အနည်းနဲ့အများဆိုသလို မျက်ကွယ်ပြုထားကြပါတယ်။ ဒီလိုမျက်ကွယ်ပြုထားတဲ့ အချိန်ခဏလေးအတွင်းမှာပဲ ကနေ့ခေတ် China ရဲ့ EV မားကတ်က အတော်လေးအရောင်အသွေးစုံပြီး၊ ရွေးချယ်စရာအရမ်းများနေပြီဗျ။
Anyway, အောက်ကပုံထဲမှာမြင်တွေ့ရတဲ့ကားနှစ်စီးက တရုတ်စျေးကွက်မှာပဲ သီးသန့်ရောင်းချသွားမှာဖြစ်တဲ့ Honda GT နှစ်စီးပါ။ ဘာ့ကြောင့်နှစ်စီးလို့ပြောရသလဲဆို ဒီနှစ်ကောင်လုံးက တူမလိုလိုနဲ့၊ မတူလို့ဗျ။ ကားရဲ့ Body Language တွေ၊ rooftline တွေ၊ ဘီးတွေနဲ့ two-tone paint job တွေကအစ အားလုံးတစ်ထေရာတည်းဆိုပေမယ့် အပြာရောင်နဲ့တစ်စီးကတော့ Dongfeng Honda GT ဖြစ်ပြီး အနီရောင်ကတော့ GAC Honda GT ဗျ။
ကျွန်တော်ကြည့်ရသလောက်တော့ ဒီနှစ်စီးမှာကွဲပြားတာဆိုလို့ Headlights တွေပဲ ရှိမယ်ထင်တယ်။ အပြာရောင် Dongfeng Honda GT ကတော့ တိုက်ဆိုင်တာများလား၊ လုံးဝကူးချထားတာလားမသိပေမယ့် အဝေးကကြည့်လိုက်ရင် Revuelto ရဲ့ Headlights တွေနဲ့ ခပ်ဆင်ဆင်ကိုမဟုတ်ဘဲ၊ အတော့်ကိုဆင်နေတာပါ။ သို့ပေမယ့် တစ်ဖက်က GAC Honda GT ရဲ့ DRL ကတော့ နှစ်ထပ်ဆင့် Double-stacked ပုံစံမျိုးသွားထားတာတွေ့ရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူလည်း တစ်ချက်တစ်ချက်တော့ S236 Crown Sport နဲ့ တူသယောင်ယောင်ဖြစ်သား။
မိတ်ဆွေယုံမလားတော့မသိ။ 2025 ရဲ့ ScreenFest ပွဲကို ဒီ Honda GT ကားတွေရဲ့ အတွင်းခန်းမှာ ကျင်းပမှာဗျ။ ဟီးဟီး စတာ စတာ။ :3 အခုချိန်အထိ ထွက်လာသမျှ Honda GT ပုံတွေထဲ ကားရဲ့နောက်ခန်းပုံတွေတော့မပါသေးဘူးဗျ။ လောလောဆယ်အရ အရှေ့ခန်းတစ်မျိုးတည်းသာ မြင်တွေ့ရသေးသည့်တိုင် Screen ခြောက်ခုလောက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကို ကြိုဆိုနေတာပါ။ xD: ရှေ့တည့်တည့်မှာ Digital Cluster ပါမယ်၊ Infotainment Screen တစ်ခုပါမယ်၊ နောက်ပြီး Gear selector ရဲ့ဘေးမှာလည်း Vertical Screen တစ်ခုထပ်ပါမယ်၊ Passenger ရဲ့ရှေ့မှာ Screen နောက်တစ်ခုနဲ့ တံခါးဘောင်တွေဘေးမှာ wingmirror camera screens နှစ်ခုနဲ့ စုစုပေါင်းခြောက်ခုတောင် ရှိပါတယ်။
လက်ရှိအနေအထားအရတော့ Honda ဘက်ကနေ ဒီကောင်တွေရဲ့ Powertrain နဲ့ပတ်သက်ပြီး ဖော်ပြထားခြင်းမျိုးမရှိသေးပါဘူး။ သို့ပေမယ့် ယခင်မိတ်ဆက်ထားတဲ့ P7 နဲ့ S7 ကို ကြည့်ရပုံထောက် ဒီအမွှာညီအကိုမှာလည်း 268 Hp ထွက် Single Motor RWD နဲ့ 469 Hp ထွက် Dual Motor AWD ဆိုပြီး နှစ်မျိုးနဲ့ပွဲထွက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဆိုတော့ ဒီ Dongfeng Honda GT နဲ့ GAC Honda GT နှစ်စီးအပေါ် ကိုယ့်လူတို့ရဲ့အမြင်လေးတွေကိုလည်း ပြောသွားကြပါအုံး။

image