တစ်ဖက်က …
လိုလိုလားလားရှိမနေတော့တဲ့အခါ
ပြောချင်စိတ်တွေကို
ထိန်းလိုက်ရတာပါပဲ …
တစ်ဖက်က …
လိုလိုချင်ချင်ရှိမနေတော့တဲ့အခါ
သွားချင်တဲ့ ခြေလှမ်းတွေကို
ရပ်လိုက်ရတာပါပဲ …
ဖြစ်ချင်တဲ့ ဆန္ဒ နဲ့ ဘ၀
တစ်ထပ်တည်း ကျမနေတဲ့အခါ
ဆန္ဒကို မြိုသိပ်ပြီး
ဘ၀ကို နာနာကျင်ကျင်
ဖြတ်သန်းရတာပါပဲ ။
#စာရယ်ကဗျာရယ်